DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် မြစ်ရေ၀င်ရောက်မည့်အန္တရာယ် ကြိုတင်ကာကွယ်ရေး ပြုလုပ်
DVB
·
July 23, 2017
တနင်္သာရီမြို့တွင် မြစ်ရေ၀င်ရောက်မည့်အန္တရာယ် ကြိုတင်ကာကွယ်ရေး  ပြုလုပ်
1 / 6
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် ရေကြီးရေလျှံတာ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ပြီး မြို့တွင်း ရေ၀င်ရောက်နိုင်တဲ့ ရေ၀င်ပေါက်တွေကို သဲအိတ်တွေနဲ့ ပိတ်ဆို့ဖို့ ပြင်ဆင်နေတယ်လို့ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က “တနင်္သာရီမြို့နယ်မှာ ဇူလိုင်လအတွင်း မိုးတွေ အဆက်မပြတ် ရွာသွန်းတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက စိုးရိမ်ရေအမှတ် ၁၇ ပေ သတ်မှတ်ထားရှိရာ လက်ရှိမှာ သာမန်မြစ်ရေရဲ့ ၁၅ ပေ၊ ၁၀ လက်မအထိ ရောက်ရှိနေပြီး မြို့တွင်း မြစ်ရေမ၀င်ရောက်နိုင်ရေး လိုအပ်တဲ့ နေရာတွေမှာ သဲအိတ်တွေနဲ့ ကာကွယ်နိုင်ဖို့ အဆင်သင့် ပြင်ဆင်စုဆောင်းထားတာတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။

ရာသီဥတု အနေအထားအရ မိုးဆက်တိုက်ရွာရင် ရုတ်တရက် မြစ်ရေကြီးနိုင်တာကြောင့် ဋ္ဌာနဆိုင်ရာ အဖွဲ့စုံနဲ့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ တနင်္သာရီမြို့နယ်၊ ချောင်းကြီး ရပ်ကွက်- မြို့အဝင် ကမ်းနားလမ်းရှိ ရေထိန်း တံခါးအနီး မြို့ရိုး တာဘောင်ပေါ် သဲအိတ်တွေသယ်ပို့နေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ဆက်လက်ပြောပါတယ်။

တနင်္သာရီမြို့တွင် မြစ်ရေကြီးတာ စိုးရိမ်ရေအမှတ်ကျော်လွန်လာပါက သဲအိတ် ၁ဝဝဝ လောက်ကို မြစ်ရေဝင်ရောက်နိုင်တယ့် နေရာတွေကို အချိန်မီ သယ်ယူပို့ဆောင်ပြီး မြစ်ရေဝင်ရောက်မှုမှ ကာကွယ်နိုင်ဖို့အတွက် ကြိုတင်စုဆောင်း ပြင်ဆင်ထားကြောင်း သိရပါတယ်။

တနင်္သာရီမြို့မှာ ပြီးခဲ့တဲ့နှစ်တွေက တမြို့လုံးနီးပါး မြစ်ရေ နစ်မြှုပ်တာတွေ ရှိခဲ့ပြီး မြို့ရိုး တာဘောင်တွေ ပြုလုပ်ပြီးနောက် မြစ်ရေ ၀င်ရောက်တာ မရှိတာ ၄- ၅ နှစ်နီပါး ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013