DVB Logo
Home
မြန်မာသတင်း
လောင်းကစားဆန်ဆန် စီးပွားရေးလုပ်နေသည့် ၅၀ ကျပ်တန် မဲများကို စတင်ဖမ်းဆီး
DVB
·
July 23, 2017
လောင်းကစားဆန်ဆန် စီးပွားရေးလုပ်နေသည့် ၅၀ ကျပ်တန် မဲများကို စတင်ဖမ်းဆီး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နယ်မြေရဲစခန်းအပိုင်အတွင်း လောင်းကစားဆန်ဆန် ၅၀ တန်မဲ ပြုလုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူတွေကို ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက လိုက်လံဖမ်းဆီးခဲ့ပါတယ်။

နယ်မြေရဲတပ်ဖွဲ့စခန်းမှုး ရဲအုပ်က “ကျနော်တို့ ဒါတွေကို မလုပ်ကြဖို့ သတိပေးထားတာ ကြာပါပြီ။ ဘာလို့လဲဆိုတော့ ဒါ တရားမဝင်လောင်းကစားဖြစ်နေလို့ပါ။ အပျော်အပျက်လုပ်တာကနေ တဖြည်းဖြည်းကြီးလာတယ်။ လမ်းတွေပေါ်မှာကော ကွမ်းယာဆိုင်၊ ဈေးဆိုင်တွေမှာရော တော်တော်များလာတယ်။ ဒါကြောင့် ဖမ်းရတာပါ။ အစကတော့ မဲနှိုက်တာက ကျောင်းသားအရွယ်ကလေးတွေ၊ လူလတ်ပိုင်းအရွယ်တွေများတယ်။ ခုနောက်ပိုင်း လူကြီးတွေပါ လုပ်လာတယ်။ ဒီနေ့ဖမ်းဆီးတာတွေကိုတော့ လောင်းကစားဥပဒေတွေနဲ့ အရေးယူသွားမှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

အထပ်သားပြားမှာ စတာပလာနဲ့ တွဲထားတဲ့ မဲဘုတ်ပြားတခုကို မဲအရေအတွက် ၂၀၀၀ ပါဝင်ပြီး ပေါက်မဲကတော့ ငွေကျပ် ၃၈၀၀၀ ကျပ်တန်ဖိုးသာရှိတဲ့ အခြေခံလူသုံးကုန် သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဇွန်း၊ ပန်းကန်၊ စပီကာ စတဲ့ ပစ္စည်းအမျိုးအမည် ၂၅ ခု၊ ၃၀ ခု၊ ၃၅ ခု သာပါဝင်ပါတယ်။ မဲတမဲကို ငွေကျပ် ၅၀၊ ၁၀၀ စသဖြင့် အမျိုးမျိုးရောင်းချနေကြတာပါ။

အဲဒီအထဲမှာ မဲလာနှိုက်သူတွေ စိတ်အဝင်စားဆုံးက ဘလူးတု၊ စတစ်၊ မမ်မိုရီကတ်တွေနဲ့ တွဲဖက်အသုံးပြုလို့ရတဲ့ ရပ်ကွက်အခေါ် ဘလူးတုစပီကာက စိတ်အဝင်စားဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစပီကာတခုကို အပြင်မှာ ၈၅၀၀၊ ၉၀၀၀ ကျပ်သာပေးရတယ်လို့ သိရပါတယ်။

မဲတွေကို ကိန်းဂဏန်းတွေနဲ့ သတ်မှတ်ထားပြီး မဲအရေအတွက် ၂၀၀၀ ရှိတဲ့အထဲက ပေါက်မဲက ပါဝင်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ၂၅ မဲ၊ ၃၀မဲ၊ ၃၅ မဲသာပါဝင်တာပါဖြစ်ပါတယ်။

ဒီလို လောင်းကစားဆန်ဆန် ကံစမ်းမဲတွေကို လွန်ခဲ့တဲ့ ၃ လကျော်လောက်ကတည်းက မုံရွာမြို့ရှိ လက်လုပ်လက်စားအများစုရှိရာ ရပ်ကွက်တွေမှာ စတင်ရောင်းချခဲ့ကြတာပါ။

“ကျနော်တို့က ပဲခူးတိုင်း၊ ကဝမြို့နယ်က လာတာပါ။ ဒီမှာ ၁ လကို ၇ သောင်းကျပ်နဲ့ အိမ်ငှားပြီး လုပ်နေတာပါ။ ဒါက ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုတာလည်း မသိပါဘူး။ မိုးရာသီဆိုတော့ ရေဝင်လို့ လယ်လုပ်စားစရာလည်း မရှိတာနဲ့ စားဝတ်နေရေးခက်ခဲလို့ လုပ်နေတာပါ။ ကျနော်တို့လုပ်တဲ့ မဲဘုတ်ပြားတွေကို ကော်မရှင်စားဆိုရင် ၁ သောင်းရောင်းရရင် ၁၅၀၀၊ အားလုံးကုန်သွားရင် ၂ သောင်းနဲ့ ပြန်ပေးပါတယ်။ အများဆုံးကတော့ ရေစကြို၊ ပခန်းကြီး၊ ပုလဲ စတဲ့ဒေသတွေကို ပို့ရတာပါ။ မှာတဲ့သူရှိမှ ပို့ပေးရတာပါ။ တစ်ရက်ကို ၁၀ ခု၊ ၁၅ ခုတော့ ရောင်းရပါတယ်” လို့ ဦးဝင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

ဒီနေ့ဖမ်းဆီးရမိတဲ့အထဲမှာ နယ်မြေစခန်းအပိုင် မြဝတီရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်နဲ့ ပြည်တောသာရပ်ကွက်တို့က နေရာ ၇ နေရာမှာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူ စုစုပေါင်းကျား ၆ ဦး၊ မ ၃ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ကာလတန်ဖိုး အနည်းဆုံးကျပ်သိန်း ၂၀ ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းအမျိုးအစား၊ တန်ဖိုးတွေကို စိစစ်တွက်ချက်နေပြီး လောင်းကစားဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013