Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် စိုက်ပျိုးရေး နည်းပညာပေး ဆွေးနွေးပွဲပြုလုပ်
DVB
·
July 23, 2017
edu7
edu6
edu5
edu4
edu3
edu2
edu
edu1
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း တောင်သူတွေ သီးနှံအရည်သွေးကောင်းမွန်လာရေးနဲ့ အထွက်တိုးရေးအတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီထိ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲမှာ မျိုးစေ့နဲ့ ပိုးမွှားရောဂါကာကွယ်ရေး ဘာသာရပ်မှ ကျွမ်းကျင်သူ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ၂ ဦးက နှမ်းသီးနှံ အရည်အသွေးကောင်းမွန်ရေး၊ နိုင်ငံတကာ ဈေးကွက်ရရှိရး၊ တောင်သူများ ဝင်ငွေတိုးတက်ရေး၊ အထွက်နှုန်း တိုးတက်ရေး၊ ကင်းစင်ရေး ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး (IPM)၊ ဖက်တီအက်စစ် FA- ပါဝင်မှု လျော့နည်းရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာဗဟုသုတများ၊ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်တွေနဲ့ အက်ဆစ်ဓာတ်ပါဝင်မှုကို လက်တွေ့တိုင်းတာ စမ်းသပ်ပြသခြင်း စတာတွေကို တက်ရောက်လေ့လာတဲ့ စိုက်ပျိုးတောင်သူတွေကို လက်တွေ့ပြသပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးရေးနည်းပညာ ဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်း ရွှေဘိုကျေးအုပ်စုနဲ့ နေ့လယ်ပိုင်းမှာ ဟံသာဝတီကျေးရွာအုပ်စုမှာ ဆက်လက်ပြီး ဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွင်း မြန်မာနိုင်ငံက ပြည်ပကိုတင်ပို့တဲ့ ပဲဆီသန့်နဲ့ နှမ်းဆီသန့် တွေကိုလည်း ပြသသွားပါတယ်။ ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်းဝင်း၊ မကွေး နှမ်းကုန်သည်လုပ်ငန်းရှင်၊ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီနဲ့ ဒေသခံ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးတွေ၊ ဝန်ထမ်းတွေနဲ့ တောင်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ သတင်း၊ဓာတ်ပုံ -သန်းဝင်းနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024