DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ် ရေလှောင်တမံများ ရေကျော်နေမှု ပြည်သူများမစိုးရိမ်ရန် ဆည်မြောင်းပြော
DVB
·
July 23, 2017
ငဖဲမြို့နယ် ရေလှောင်တမံများ ရေကျော်နေမှု ပြည်သူများမစိုးရိမ်ရန် ဆည်မြောင်းပြော
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံ ရေကျော်နေတာကို ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနက အနီးကပ် စောင့်ကြည့်ကြီးကြပ် ဆောင်ရွက်နေပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဆည်မြောင်းဦးစီး အရာရှိတဦးက ပြောပါတယ်။

မန်းချောင်းရေလှောင်တမံ အခြေနေဟာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၆ နာရီ တိုင်းထွာချက်အရ ရေအမှတ် ၆၂၆ ဒသမ ၈၀ ပေဖြစ်ပြီး မိုးရေချိန် ၀ ဒသမ ၁၅ လက်မရှိကာ ဆည်ပုံမှန်ရေပြည့်အမှတ် ၆၂၅ ဒသမ ၀၀ ပေဖြစ်တာကြောင့် ရေပိုလွှဲမှ ၁ ဒသမ ၈၀ ပေ ရေကျော်နေလို့ ၂၄ နာရီအတွင်း ရေအမှတ် ၀ ဒသမ ၄၀ ပေ တိုးနေပါတယ်။

ရင်းရှည်တမံကတော့ ဒီနေ့မနက် ၆ နာရီ ရေအမှတ် ပေ ၆၀၀ ဒသမ ၃၀ ပေ၊မိုးရေခ်ျိန် ၂.၃၀၊ ဆည်ရေပြည့်ပုံမှန်အမှတ် ၆၀၂ ပေဖြစ်တာကြောင့် ရေပိုလွှဲမှရေကျော် ၁ ဒသမ ၇၀ ပေလိုပြီး ၂၄ နာရီအတွင်း ရေအမှတ် ၀ ဒသမ ၃၀ ပေ တိုးနေပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချရေး ဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ဝင်းက မိုးတိမ်တွေ အုံ့ဆိုင်းကာ မိုးရွာနေပြီး ရွှေစက်တော်၊ အိုင်းမ ရေလွှဲဆည် နဲ့ စကုမြို့မှာ မန်းချောင်းရေ တိုးမှာဖြစ်လို့ ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အထက်အဆင့်ဆင့် နာရီ စဉ် သတင်းပေးပို့ကာ အနီးကပ်တာဝန်ယူ ကြီးကြပ်နေတယ်လို့ ပြောပါတယ်။

“ရေပိုလွှဲမှ နှစ်စဉ်ရေကျော်နေကြ အချိန်ဖြစ်ပြီး စိုးရိမ်စရာမရှိသေးဘူး။ ရခိုင်ရိုးမမှ တောင်ကျရေများ မန်းတမံအတွင်း စီးဝင်စ ပြုလာပြီဖြစ်ကာ၊ တမံနဲ့ ဆက်စပ်အဆောက်အဦတွေ ကြံ့ခိုင်ကောင်း မွန်ပါတယ်" လို့ ပြောပါတယ်။

ရေလှောင်တမံ အနီးနားရှိ ဒေသခံပြည်သူတွေ စိုးရိမ်စိတ်တွေ လွန်ကဲမှုမရှိအောင် အခုလို ပြောကြားရတာလို့ ဆိုရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013