DVB Logo
Home
မြန်မာသတင်း
တာချီလိတ်သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ပြုလုပ်သည့်ပစ္စည်းများ ဖမ်းမိ
DVB
·
July 23, 2017
တာချီလိတ်သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ပြုလုပ်သည့်ပစ္စည်းများ ဖမ်းမိ
1 / 3
Donate to DVB

ရှမ်းပြည်နယ် မိုင်းလားဒေသမှ တာချီလိတ်မြို့ကို ပို့ဆောင်မယ့် စိတ်ကြွဆေးပြား ပြုလုပ်တဲ့ ပစ္စည်းတွေကို ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံ-မိုင်းခတ်သွား ကားလမ်းရှိ ၀မ်တာပုံစစ်ဆေးရေး စခန်းမှာ ကျိုင်းတုံမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဝမ်တာပုံစစ်ဆေးရေး စခန်းမှာ ကျိုင်းတုံမူးယစ်တာဝန်ရှိသူတွေဟာ သတင်းအရ မိုင်းခတ်မြို့ကနေ ကျိုင်းတုံမြို့ဘက် လုကာ မောင်းနှင်ပြီး မော်ဖြိုးနဲ့ ကျရှီး လိုက်ပါလာတဲ့ ၁၀ ဘီးယာဉ်ကို စစ်ဆေးရာ ယာဘက်တံခါး ပစ္စည်းထည့်တဲ့ နေရာမှာ WY စာတမ်းပါ စိတ်ကြွ ဆေး ၁ ပြား၊ ယာဉ်နောက်ခန်း သစ်သားပုံး ၁၃ ပုံးမှာ ထည့်ထားတဲ့ စိတ်ကြွဆေးပြားထုတ်ရာမှာ အသုံးပြုတဲ့ သံပုံစံခွက် (မိုခွက်) စုစုပေါင်း အစုံ ၂၆၀၊ ဆာလာအိတ် ၄၅ အိတ်မှာ ထည့်ထားတဲ့ စိတ်ကြွဆေး ထုတ်ပိုးရာမှာ အသုံးပြုတဲ့ အပြာရောင်ကပ်ခွာအိတ်နဲ့ အနက်ရောင်ကပ်ခွာ အိတ် ၄၆၀၀၀ ခု၊ 1.5KW မော်တာ ၂ လုံး၊ တုန်ခါရာဘာပိုက် ၁ ချောင်း၊ သံဗန်း ၁ ခုတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စိတ်ကြွဆေးပြားပြုလုပ်တဲ့ ပစ္စည်းတွေကို ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာ မိုင်းလားမြို့ကနေ တဆင့် ဆီလူး-မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-တာချီလိတ်မြို့ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိ ပစ္စည်းတွေနဲ့ ၁၀ ဘီးယာဉ်ပိုင်ရှင် မော်ဖြိုးနဲ့ ယာဉ်မောင်းဖြစ်သူ လုကာ တို့ကို ကျရှီးက ပစ္စည်းသယ်ဆောင်ခ ထိုင်းဘတ်ငွေ ၈ သောင်း ၅ ထောင်နဲ့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်လာသူနဲ့ စေခိုင်းသူတွေကို ကျိုင်းတုံမြို့မ ရဲစခန်းက မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၁၆(ဂ)/၂၁ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားသား၊ ဓာတ်ပုံ -SYP

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013