DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့ ​ရေကျသွား​ပေမယ့် ​ရေ​ဘေးဒုက္ခသည်​များ​ ​နေအိမ်​ မပြောင်းနိုင်သေး
DVB
·
July 23, 2017
မင်းကင်းမြို့ ​ရေကျသွား​ပေမယ့် ​ရေ​ဘေးဒုက္ခသည်​များ​ ​နေအိမ်​ မပြောင်းနိုင်သေး
1 / 5
Donate to DVB

မင်းကင်းမြို့ ရေကြီးမှုမှာ ချင်းတွင်းမြစ်ရေကျသွားပေမယ့် ရေဘေးဒုက္ခကြောင့် နေအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူတွေအနေနဲ့ အိမ်ထောင်စု တော်တော်များများဟာ ကိုယ့်နေအိမ်ဆီကို ပြန်ပြောင်းရွှေ့နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ချင်းတွင်းမြစ်ရေကျသွားပေမယ့် ကိုယ့်နေအိမ်ကို ပြန်ပြောင်းဖို့အတွက် ကိုယ့်အိမ်ကို သွားဖို့လမ်းတွေမှာ ရွှံ့ဗွက်တွေထပြီး အိမ်တွေမှာ ရွှံ့တွေတင်ကျန်နေသလို မိုးကလည်း ကောင်းနေသေးတော့ နောက်တခါ ထပ်ပြီးရေတက်လာမှာလည်း စိုးရိမ်နေရသေးတာကြောင့် ပြောင်းရွှေ့မနေရဲသေးဘူး" လို့ ရေဘေးကြောင့် ဒုက္ခသည်စခန်းမှာ ပြောင်းရွှေ့နေထိုင်သူ ဦးညိုက ပြောပါသည်။

မင်းကင်းမြို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်စုတွေ အနေနဲ့ နှစ်စဉ်ရေဘေးဒုက္ခကို ရင်ဆိုင်နေရပြီး ရေလမ်းအသုံးပြုယာဉ်များတွင် ကုန်ထမ်း ဈေးရောင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ လက်လုပ်လက်စားတွေ ဖြစ်တာကြောင့် အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေးခက်ခဲ့မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

“အခု နေအိမ်ကို ပြောင်းနိုင်ခြင်း မရှိသေးဘူး။ ရေကြီးတော့ ယွန်းကျောင်းဆရာတော် ကူညီထားတဲ့ ကျောင်းဝန်းထဲမှာ နှစ်စဉ် ရေဘေးရှောင်နေရတယ်။ ဆရာတော်အတွက်လည်း ရေမီးကအစ ကူညီရတာ ဖြစ်တဲ့အတွက် သူလည်း စက်မောင်း ရေနံဆီက အစ ခက်ခဲနေတယ်။ ဒါပေမယ့် ကိုယ့်ဒေသ လူအချင်းချင်း အခက်အခဲလည်း အဆင်ပြေအောင် ကူညီပေးထားတယ်” လို့ မင်းကင်းနယ်ခံ ရေဘေးကူညီနေသူ တဦးက ဆိုပါတယ်။

ရေဘေးဒုက္ခကြောင့် မင်းကင်းနယ် ကျေးရွာ ၂၂ ရွာနဲ့ မြို့ပေါ် အမှတ် ၃ ရပ်ကွက်တို့ ရေဘေးဒဏ်ခံခဲ့ရပြီး လက်ရှိမြစ်ရေ ကျသွားပေမယ့် အခက်အခဲကြောင့် နေအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၈၉ စုနဲ့ လူဦးရေ ၃၅၀ ကျော်တို့ဟာ နေအိမ်ကို ပြောင်းရွှေ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013