DVB Logo
Home
မြန်မာသတင်း
သိန်း ၄၀၀ အကုန်အကျခံဆောက်ထားသည့် ကွန်ကရစ်တံတားတိုင်အချို့ ရေစီးထဲမျော
DVB
·
July 23, 2017
သိန်း ၄၀၀ အကုန်အကျခံဆောက်ထားသည့် ကွန်ကရစ်တံတားတိုင်အချို့ ရေစီးထဲမျော
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျဘန်းကျေးရွာအုပ်စု၊ ဇလုပ်ကုန်းကျေးရွာနဲ့

ခွက်မကျေးရွာကြားရှိ ငါးခုံးမချောင်းကို ဆက်သွယ်ထားတဲ့ RC ကွန်ကရစ်တံတား အောက်ခြေတိုင်အချို့ ရေတိုက်စားမှုကြောင့် ဇူလိုင်လ ၂၂ ရက်ညနေပိုင်းက ရေစီးထဲမျော်ပါသွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျနော်သိတာတော့ ညနေ ၅ နာရီလောက်ကသိတာပါ။ သိသိချင်ကျေးလက်ဦးစီးကို အကြောင်းကြားခဲ့တယ်။ ရေကလည်း အရမ်း အစီးသန်နေတယ်။ ရေစီးအားနည်အောင် ရွာသူရွာသားတွေ ရေလမ်းကြောင်းလွှဲလိုက်ရတယ်။ ၁ ပေ ပတ်လည် RC ကွန်ကရစ်တံတား ၃ တိုင်လုံး ရေထဲမျောပါသွားခဲ့တယ်။ ခုမနက်လည်း တံတားချည်းကပ်လမ်းဟာ အပ်ကြောင်းလိုက်လာပြီ။ ဒီနေ့မှ အမြန်ဆုံးမထိန်းသိမ်းနိုင်ရင် တံတားတခုလုံး ပြိုကျသွားနိုင်တယ်” လို့ ကျပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတံတားဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ လလယ်လောက်က စတင်ဆောက်လုပ်ခဲ့ပြီး အရှည်ပေ ၅၀ အကျယ် ၁၅ ပေရှိ RC ကွန်ကရစ်သံဘောင်တံတားဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ ကျပ်သိန်း ၄၀၀ ကုန်ကျခဲ့တည်ဆောက်ခဲ့ပြီး မတ်လလောက်မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်ကလည်း တံတားချည်းကပ်လမ်းပြိုကျခဲ့လို့ ကျေးရွာသူရွာသားတွေ အမြန်ဆုံးပြုပြင်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013