DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုအပေါ် တိုင်ကြားမှုပေါင်း ၃၇၀၀ ကျော်ရှိ
DVB
·
July 22, 2017
ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုအပေါ် တိုင်ကြားမှုပေါင်း ၃၇၀၀ ကျော်ရှိ
Donate to DVB

ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တဲ့ မိုးဘိုင်းဖုန်း App ကနေ အခုအချိန်ထိ တိုင်ကြားမှုပေါင်း ၃၇၀၀ ကျော်ရှိတယ်လို့ ပြင်ပေးပါလို့အမည်ပေးထားတဲ့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြင်ပေးပါအဖွဲ့ဟာ ရန်ကုန်ဘတ်စ်ကားစနစ်ပြောင်းလဲပြီး နောက်နေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး မိုဘိုင်းဖုန်းမှာ သုံးနိုင်တဲ့ App ကို ဖြန့်ချိခဲ့တာပါ။

ပြင်ပေးပါအဖွဲ့ခေါင်းဆောင် ကိုစိုးသီဟနောင်က “ အများဆုံးတိုင်ကြတာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ စည်းကမ်းဖောက်ဖျက်တာတွေပေါ့။ နံပါတ် ၆ ယာဉ်လိုင်းက အတိုင်ခံရ ဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။

တိုင်ကြားချက်တွေကို ယာဉ်လိုင်းတာဝန်ခံတွေကို ပေးပို့ပြီး အများပိုင်ကုမ္ပဏီတွေက တုန့်ပြန် အရေးယူတာ ပိုများတယ်လို့လည်း ကိုစိုးသီဟနောင်က ပြောပါတယ်။

“တချို့ဆိုရင် ကျွန်တော်တို့ ဆီကတောင် မပို့ရသေးဘူး။ App မှာတွေ့တာနဲ့ အရေးယူထားတဲ့ အခြေအနေကို အကြောင်းပြန်တယ်။ တိုင်ကြားတာရဲ့ သုံးပုံတပုံကျော်ကတော့ အရေးယူတာကို အကြောင်းပြန်ကြတယ်။ တချို့ကုမ္ပဏီတွေကတော့ တုန့်ပြန်အရေးယူတာ အရမ်းအားနည်းတယ်” လို့ သူက ပြောပါတယ်။

ဥပမာအားဖြင့် မကြာသေးခင်က လူအသေအပျောက်များခဲ့တဲ့ အမှတ် ၅၅ ယာဉ်လိုင်းနဲ့ ပတ်သက်ပြီး တိုင်ကြားတာ အများကြီး ရှိခဲ့ပေမယ့် အရေးယူတာတွေ မရှိခဲ့ဘူးလို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ ဒီတိုင်ကြားတဲ့ App အကြောင်း ပြောဆိုခဲ့ပေမယ့် တိုင်ကြားမှုတွေကို ယာဉ်လိုင်း တာဝန်ရှိသူတွေနဲ့ပဲ ချိတ်ဆက်လုပ်ကိုင်နေရပြီး အာဏာပိုင်အဖွဲ့နဲ့ တရားဝင် ပူးပါင်းဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ကိုစိုးသီဟနောင်က ပြောပါတယ်။

ဒီ App ကို Play Store မှာ Yangon Bus Report လို့ရှာကာ သုံးစွဲနိုင်ပြီး လက်ရှိမှာတော့ ဒီ Appကို လူပေါင်း ၈ ထောင်လောက် သုံးစွဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013