DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ် ၁ ဦးသေဆုံးခဲ့သည့် မိုးမောက်ဗုံးကွဲမှု စုံစမ်းစစ်ဆေးနေ
DVB
·
July 22, 2017
ပြည်သူ့စစ် ၁ ဦးသေဆုံးခဲ့သည့် မိုးမောက်ဗုံးကွဲမှု စုံစမ်းစစ်ဆေးနေ
Donate to DVB

ဌာနပြည်သူ့စစ် ၁ ဦးသေဆုံးခဲ့ရတဲ့ မော်တော်ဆိုင်ကယ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့  အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့  ကချင်ပြည်နယ် မိုးမောက်မြို့နယ် ရဲစခန်းကသိရပါတယ်။

မိုးမောက်မြို့ဈေးအနီး လက်ဖက်ရည်ဆိုင်ရှေ့မှာ ဒီနေ့မနက်က ဆိုင်ကယ်တစ်စီး ဗုံးပေါက်ကွဲပြီး ပြည်သူ့စစ် ၁ ဦး  သေဆုံးကာ အနီးနားက လူ ၅ ဦး ဒဏ်ရာရသွားခဲ့တာပါ။

မိုးမောက်မြို့ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွေးက “လောလောဆယ် သေဆုံးတာ ၁ ယောက်၊  ဒဏ်ရာရတာ ၅ ယောက်။ အားလုံး ၆ ယောက်ဖြစ်တာ ၁ ယောက်ဆုံးတယ်။ ဆိုင်ကယ်တစ်စီး ကနေ မိုင်းထပေါက်တာ။ အဲဒီမှာ ဆုံးသွားတဲ့တစ်ယောက်က ကားပေါ်တက်ခါနီး ထကွဲတာ။ ဆိုင်ကယ်ကနေကွဲတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားသူဟာ လ၀ါယန် ဌာနေပြည်သူ့စစ်အဖွဲ့က ဗိုလ်မှူးအဆင့်ရှိ ဦးလဂိုင်နော်ဆိုင်း  ဖြစ်ပြီး ဒဏ်ရာရသူတွေ ၅ ယောက်ကတော့ ပတ်ဝန်းကျင်မှာ ကွမ်းယာလာစားတဲ့သူတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေနဲ့ ကွမ်းယာဆိုင်က လူငယ်တယောက်ပါဝင်တယ်လို့လည်း ပြောပါတယ်။

ဒဏ်ရာရသွားသူတွေထဲက စိုးမင်းလတ်ဆိုတဲ့ လူငယ်တဦးကတော့  ဗန်းမော်ဆေးရုံကို ပို့ဆောင်ဆေးကုသမှုပေးထားပြီး  ကျန်သူတွေကတော့ ဒဏ်ရာအနည်းငယ်ပဲရရှိပြီး စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ သိရပါတယ်။

ဒဏ်ရာရသွားတဲ့ လူငယ်တဦးကို ဒီကနေ့မနက်က အရေးပေါ် ခွဲစိတ်ကုသမှုပြီးသွားပြီး အသက်အန္တရာယ်မရှိတော့ဘူးလို့  ဗန်းမော်ပြည်သူ့ ဆေးရုံအုပ်က ဒီဗွီဘီကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်  မော်တော်ဆိုင်ကယ် တစစီ ပျက်စီးသွားခဲ့သလို ရပ်ထားတဲ့ ပါဂျဲရိုး ကားတစီးလည်း မှန်တွေကွဲပြီး ထိခိုက်ပျက်စီးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013