DVB Logo
Home
မြန်မာသတင်း
လူဦးရေ ၉သောင်းကျော် ရေဘေးဒုက္ခခံစားနေရဟု ကုလသမဂ္ဂထုတ်ပြန်
DVB
·
July 22, 2017
လူဦးရေ ၉သောင်းကျော် ရေဘေးဒုက္ခခံစားနေရဟု ကုလသမဂ္ဂထုတ်ပြန်
Donate to DVB

မုတ်သုန်မိုးရွာသွန်းတာနဲ့  မြစ်ရေမြင့်တက်လာတာကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်မှာ  လူဦးရေ ၉သောင်းကျော် ရေဘေးဒုက္ခ ခံစားနေကြရတယ်လို့ ကုလမသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။

မုတ်သုန်ရေဘေးနဲ့  စပ်လျဉ်းတဲ့  လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနကရတဲ့ အချက်အလက်တွေကို ကိုးကားပြီး  ဇူလိုင် ၂၁ရက်က ထုတ်ပြန်ထားတာပါ။

စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတွေနဲ့  ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်မှ လူဦးရေ ၉၁,ဝဝဝ ကျော်ဟာ ဇူလိုင်လဆန်းကစလို့ ရေဘေးကြောင့် ယာယီ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး ရေဘေးနဲ့ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၂ဦးလောက် သေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။

မကွေးတိုင်းမှာ ထိခိုက်မှုအများဆုံးရှိခဲ့ပြီး ၁၂ မြို့နယ်မှ လူဦးရေ ၆၃,ဝဝဝ နီးပါး ယာယီ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရသလို ပခုက္ကူမှာ  ၃၄,ဝဝဝ ဦးနဲ့ ရေစကြိုမှာ လူ ၁၃,ဝဝဝ ဦး ယာယီ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ မြို့နယ် ၉ မြို့နယ်မှ လူဦးရေ ၂၃,ဝဝဝ ကျော် ယာယီ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး၊ ပဲခူးတိုင်းမှာ  ၄,၆ဝဝ ကျော်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မှာ  လူဦးရေ ၂၄ဝနဲ့ ဧရာဝတီတိုင်း ဓနုဖြူမှာ လူဦးရေ ၄၇ဝ လောက် ယာယီ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလောရေဘေးနဲ့ ကြုံတွေ့နေရတဲ့ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေရဲ့ အခြေအနေကိုတော့ ကုလမသဂ္ဂ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ  အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အာဏာပိုင်တွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်နေပြီး အစိုးရရဲ့ ရေဘေးတုံ့ပြန်ဆောင်ရွက်ရေးမှာ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိတယ်လို့လည်း UNOCHA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ-UNOCHA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013