DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေး
DVB
·
July 22, 2017
ကညွတ်ကွင်းတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေး
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို ယာဉ်မောင်းလိုင်စင်တွေ နေ့ချင်းပြီး ဒီကနေ့ အောင်တော်မူခန်းမသစ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။

တောင်ငူခရိုင်ကုန်းလမ်းပို့ ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတဦး က“အဓိကကတော့ ယာဉ်အန္တရာယ် ကင်းရှင်းရေးပါ။ အချက်ပြမီးပြတာကအစ မှားယွန်းမှုတွေ ရှိနေပါတယ်။ အဲဒါတွေကို ရှင်းပြပါတယ်။ ပြီးတော့ ယာဉ်မောင်းလိုင်စင်ပေါ့။ အဲဒါကိုလည်း နေ့ချင်းပြီး လုပ်ပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် လာရောက်လုပ်ကိုင်သူတဦးက“ဒီလိုလာပြီးလုပ်ပေးတော့ အဆင်ပြေတာပေါ့။ တောင်ငူအထိသွားလုပ်ရတော့ သိပ်အဆင်မပြေဘူး။ အဆင်မပြေတော့ မလုပ်ဖြစ်ဘူးဖြစ်နေတာ။ အခုလိုလာလုပ်ပေးတာ ကျေးဇူးတင်တာပေါ့” လို့ ပြောပါတယ်။

လိုင်စင်လုပ်ကိုင်သူတွေအနေနဲ့ ငွေကျပ် ၉၀၀၀ လောက် ကုန်ကျမှာဖြစ်ပြီး ဆိုင်ကယ်မောင်နှင်မှုကိုလည်း စစ်ဆေးပြီးမှ လိုင်စင်ကတ်ထုတ်ပေးသွားမှာဖြစ်ကြောင်းနဲ့ ဒီကနေ့မနက်မှာ လူဦးရေ ၁၀၀ ကျော်လာရောက်လုပ်ကိုင်ခဲ့ကြပါတယ်။

ဒါဟာ  ၂၀၁၇ ခုနှစ် မှာ ပထမဆုံးအကြိမ် လာရောက်လုပ်ပေးခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013