DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် ရေကြီးပြီး လူနေအိမ်၊ လမ်းတံတားများ ရေနစ်မြုပ်
DVB
·
July 22, 2017
တောင်ကုတ်တွင် ရေကြီးပြီး လူနေအိမ်၊ လမ်းတံတားများ ရေနစ်မြုပ်
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျလာတာကြောင့်  မြို့ရဲ့ ရပ်ကွက်အချို့မှာ နေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

ဒီကနေ့ မနက်ပိုင်းက စတင်လို့ ရပ်ကွက်အချို့ ရေတွေ တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ၅ ပေအထိ နစ်မြုပ်နေတယ်လို့ တောင်ကုတ်စည်ပင် ဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

“မြေနိမ့်ပိုင်းတွေကတော့ ၄ ပေကနေ ၅ ပေအထိ တက်နေတယ်။ ဒီကနေ့ မနက်ပိုင်းစတင် ရေတက်လာတာပါ။ မနေ့ညကလည်း မိုးအရမ်းရွာတယ်လေ။ ပြီးတော့ တောင် ကျချောင်ရေးကြောင်းလည်း ပါတယ်။ အဒီကမြေနိမ့်ပိုင်း ဖြစ်တဲ့ ဆေးရုံကွက်သစ်မှာဆိုရင် ၅ ပေအထိလောက်ရှိမယ်။ ရေတက်နေတာ အရမ်းကြီးတော့ စိုးရိမ်စရာ မရှိဘူးဆိုပေမယ့် ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ရေမပြည့်ခင် နှစ်ရက်လောက်အလိုကလည်း ရေမြောင်းတွေ တူးဖော်ပေးတာတွေရှိပါတယ်။”

ရေမြုပ်နေတဲ့ နေရာတွေကို လှေတွေနဲ့ သွားရောက်ပြီး တနိုင်တပိုင်ကူညီနေတာရှိပေမယ့် အလှမ်းဝေးတဲ့ နေရာတွေ အကူအညီတွေ လိုအပ်နေတယ်လို့ ရိုးမရင်လှိုင်း (ရခိုင်ရိပ်စာပီရိပ်မြုံ) ဥက္ကဋ္ဌ ကိုရက္ခက ပြောပါတယ်။

“ကျနော်တို့ ရေမြုပ်နေတဲ့ နေအိမ်တွေသွားပြီး ဆန်တွေပေးနေတယ်။ ထမင်းချက်ဖို့ နေရာမရှိတဲ့သူတွေ စာရင်းကောက်နေတယ်။ ဒီကနေစာရင်းကောက်ပြီးတာနဲ့ ကျနော်တို့ ထမင်းချက်ပြီး ပို့ရမယ်။ တချို့နေရာတွေမှာ ဆိုရင် မသွားလာနိုင်တဲ့ အဘိုးဘွားတွေရှိတယ်။ ကျနော်တို့မှာ ရှိတာလေးကို ဝေငှပြီးပေးတာ။ အကူအညီကတော့ လိုနေဆဲပဲ။ မြေနိမ့်ပိုင်းဖြစ်တဲ့ ဆေးရုံကွက်သစ်ဆိုရင် ၅ ပေလောက် ရေမြုပ်နေပြီဗျ။”

လတ်တလော မြေနိမ့်ပိုင်းတွေဖြစ်တဲ့ ဆေးရုံကွက်သစ်မှာ ရေ ၅ ကျော်လောက်တက်နေပြီး ညဈေးတန်း၊ မီးသတ်ကွက်သစ်၊ ချောင်းကောက်ကွင်း၊ ချောင်းကောက်မီးကျောင်း ရပ်ကွက် တွေမှာ ရေနစ်မြုပ်နေပါတယ်။

ဒါ့အပြင် ဆေးရုံကွက်သစ် ၂ လမ်းကြီး ၆ လမ်းထိပ် ချောင်းကူးတံတားဆိုရင် ရေနစ်မြုပ်နေတာပါ။ ရေမြုပ်နေတဲ့သူတွေ အကူအညီလိုအပ်နေပြီး သက်ဆိုင်ရာက လာရောက်ကူညီပေးတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013