DVB Logo
Home
မြန်မာသတင်း
မဒေါက်မြို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်၊ ကယ်ဆယ်ရေးစခန်းများဖွင့်ရန် ပြင်ဆင်
DVB
·
July 22, 2017
မဒေါက်မြို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်၊ ကယ်ဆယ်ရေးစခန်းများဖွင့်ရန် ပြင်ဆင်
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန် ရောက်ရှိနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မဒေါက်မြို့ စစ်တောင်းမြစ်ရေဟာ ဇူလိုင် ၂၂ ရက် ၁၀ နာရီခွဲအချိန် တိုင်းတာချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ရဲ့ အထက် ၁၁၀၈ ကို ရောက်ရှိလာနေတယ်လို့ မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက ပြောပါတယ်။

"စိုးရိမ်ရေအမှတ်ကိုကျော်ပြီပေါ့။ ဒီဒေသက ကယ်ဆယ်ရေး စခန်းဖွင့်တာက ၁၁၅၀ တို့၊ ၁၂၀၀ တို့မှာ ဖွင့်တယ်။ ကျနော်တို့အနေနဲ့ကတော့ ကြိုတင်ပြင်ဆင်တာပေါ့။ ဒီထက်မက ရေကြီးလာရင်လည်း ကြီးမယ်၊ လျှော့ရင်လည်း လျှော့သွားမယ်။ တကယ်လို့ ရေဒီထက်မက ကြီးလာခဲ့ရင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ မဒေါက်မြို့ မြို့မ ၂  ရပ်ကွက်မှာ တံခွန်တိုင်ကျောင်းနဲ့ သာသနဝံသဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ ဆရာတော်ကို ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေကို သွားလျှောက်ခိုင်းထားပါတယ်။ မြို့မ ၁  မှာက တိုင်တရာကျောင်းနဲ့ အင်းချောင်ဘုန်းကြီးကျောင်း။ အဲဒီမှာလည်း ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ လျှောက်ခိုင်းထားပါတယ်။ အရေးပေါ်ရွှေ့ပြောင်းနိုင်ဖို့ မီးသတ်ဦးစီးမှူးကို အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်ဖို့ အဆင်သင့်လုပ်ခိုင်းထားပါတယ်။" လို့ ဒီဗွီဘီကိုပြောပါတယ်။

မဒေါက်မြို့ စစ်တောင်းမြစ်ရေတက်လာမှုကြောင့် မြို့ပေါ် မွန်စုရပ်ကွက်မှာ ရေတက်နေပြီး အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတချို့မှာ ရေတွေ စတင်ဝင်ရောက်နေပြီလို့လည်း သိရပါတယ်။

သတင်းဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013