DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် မိုးမောက်တွင် ဗုံးပေါက်၊ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး
DVB
·
July 22, 2017
ကချင်ပြည်နယ် မိုးမောက်တွင် ဗုံးပေါက်၊ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့ဈေးနားမှာ ဒီနေ့မနက်က ဆိုင်ကယ်က ဗုံးပေါက်ကွဲပြီး ပြည်သူ့စစ် ခေါင်းဆောင်တစ်ယောက် သေဆုံးသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက“ဗိုလ်မှူးက လက်ဖက်ရည်ဆိုင်ထဲကအထွက် အနားက ဆိုင်ကယ်ကနေ ပေါက်ကွဲတာ။ ဆေးရုံအရောက်မှာပဲ အသက်မပါတော့ဘူး။ အဲဒီဆိုင်ကယ်က သုံးပိုင်း ပိုင်းသွားတယ်။ ဘေးမှာ ကွမ်းယာရောင်းနေတဲ့ ကောင်လေးကတော့ ညာဘက်တခြမ်းလုံးထိသွားလို့ ဗန်းမော်ဆေးရုံကို ခေါ်သွားတယ်။ နောက်ကောင်လေးတစ်ယောက်ကတော့ အစနည်းနည်း မှန်သွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ကောင်းခါးဌာနေပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်မှူးနော်ဆန်းဖြစ်ပြီး ဒီနေ့မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်ခဲ့တာပါ။ အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့  မိုးမောက်ရဲစခန်းကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့ လူငယ်တဦးကတော့  ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုပြီးသွားပြီး အသက်အန္တရယ်မရှိတော့ဘဲ အခြေအနေတည်ငြိမ်နေတယ်လို့ ဗန်းမော်ပြည်သူ့ ဆေးရုံအုပ်ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013