DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် လက်သမားဆရာတဦး ဓာတ်လိုက်သေဆုံး
DVB
·
July 22, 2017
မိုးညှင်းမြို့တွင် လက်သမားဆရာတဦး ဓာတ်လိုက်သေဆုံး
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့၊ စိမ်းရတနာတောင် ရပ်ကွက်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

သတင်းအရ တာဝန်မှူး ဒုရဲအုပ်တင်ဝင်းနဲ့ နားခါအုပ်ချုပ် ရေးမှူး ဦးမြင့်အေးတို့ တို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လက်သမားဆရာ ဦးသန်းဆွေ ၅၂ နှစ်ဖြစ်ပြီး နေအိမ် ရေကန်ရေဖြည့်ဖို့အတွက် ပျက်နေတဲ့ ရေမော်တာပြုပြင်စဉ် မော်တာနဲ့ ဆက်သွယ်ထားတဲ့ နှစ်ပင်လိမ်ဝါယာကြိုးကို ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သေဆုံးသူရဲ့ဇနီးက ပြောတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ယာလက်မနဲ့ လက်ခလယ်တို့မှာ ဓာတ်လိုက်ထားတဲ့ အရေပြားပွန်းပဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ဖို့ တရားလိုရဲအုပ်ညွန့်လှိုင်က မိုးညှင်းရဲစခန်းမှာ သေမှုသေခင်းအမှတ် ၁၈/၁၇ နဲ့ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

မိုးညှင်းမြို့နယ်မှာ မကြာခဏ ဓာတ်လိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် လျှပ်စစ် အန္တရာယ်ကင်းရေး အသိပညာပေးစီမံချက်နဲ့ လျှပ်စစ်အသုံးများတဲ့ ကျေးရွာ ရပ်ကွက်တွေမှာ လျှပ်စစ်ဝန်ထမ်းတွေကို အလှည့်ကျ ဆွေးနွေးပညာပေးဖို့ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးရဲအောင်က ပြောပါတယ်။

ပေးပို့ မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013