DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 21, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၇၇၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀ ကျပ် ဈေးတက်လာပြီးတော့ ၁ ပိဿာကို ငွေကျပ် ၁,၈၃၀ ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲလုံး
ကုလားပဲလုံးက ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂,၀၅၀ ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီက ဒီနေ့မှာ ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ငွေကျပ် ၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။

ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ရှိပါတယ်။

ကုလားပဲ v2
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ၃၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၁,၈၀၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲနောက်စိမ်း
ပဲနောက်စိမ်းကတော့ ၁ တင်းကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၃၈,၅၀၀ ပေါက်ဈေးရှိနေပါတယ်။

ထန်းလျက်
မြင်းခြံကုန်စည်ဒိုင်မှာတော့ ထန်းလျက်က ၁ ပိဿာကို ၁,၁၆၀ ကျပ်ကနေ ငွေကျပ် ၁,၂၈၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ်  ဈေး ကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013