DVB Logo
Home
မြန်မာသတင်း
ဇေယျဝတီမြို့တွင် ရေကြီးနေမှုကြောင့် အထက်တန်းကျောင်းတကျောင်း ပိတ်ခဲ့ရ
DVB
·
July 21, 2017
ဇေယျဝတီမြို့တွင် ရေကြီးနေမှုကြောင့် အထက်တန်းကျောင်းတကျောင်း ပိတ်ခဲ့ရ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့ပေါ် ရပ်ကွက်တွေထဲကို ရေတွေဝင်နေတဲ့အတွက် လူတွေ သွားလာရေး ခက်ခဲနေပြီး အထက်တန်းကျောင်းတကျောင်းလည်း ပိတ်လိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ရပ်ကွက်နှစ်ခုမှာ ရေတွေဝင်နေပြီး ဈေးထဲလည်း ရေတွေ ဝင်တော့ ဈေးသည်တွေ မရှိတော့ဘူး။ ကျောင်းကတော့ တကျောင်း ပိတ်လိုက်ရတယ်။ အမှတ် ၂ အထက်တန်းကျောင်း ဇေယျဝတီပေါ့။ ရေတွေကတော့ အရမ်းပဲ။ အဓိကကတော့ ရေမြောင်းတွေပိတ်လို့ပါ။ ကျနော့်အိမ် တခါမှ ရေမဝင်ဖူးဘူး။ အခု ရေတွေဝင်နေပြီ” လို့ ဇေယျဝတီမြိ့ခံ ဦးသက်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ဇေယျဝတီမြို့ပေါ် ရေကြီးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက ဖြူးမြို့နယ် စည်ပင်သာယာဌာနကို ဆက်သွယ်မေးမြန်းရာမှာ “အခု ကျနော့်လူတွေကို လွှတ်ထားပါတယ်။ ရေကြီးတာ အဓိကအကြောင်းရင်းကတော့ ချောင်းမကြီးက ရေပြန်တောင့်လာလို့ပါ။ အဲဒီချောင်းက ရေကျရင်တော့ ရေက လျော့သွားမှာပါ။ ရာသီဥတုကတော့ ခန့်မှန်းမရဘူးလေ။ ရန်ကုန်မှာတောင် ရေ ခါးလောက်ရောက်နေသေးတာပဲဗျာ” လို့ ဖြူးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးအောင်ခိုင်က ပြောပါတယ်။

ဇေယျဝတီမြို့ပေါ် မြို့မရပ်ကွက်နဲ့ ဖဆရပ်ကွက်တွေမှာ ရေဝင်နေပြီး အ.ထ.က (၂) အထက်တန်းကျောင်းဝင်းထဲမှာလည်း ရေဝင်နေတာကြောင့် ဒီကနေ့ မနက်က ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၂၀၀၀ ကျော် ပညာသင်ကြားနေတယ်လို့ သိပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013