DVB Logo
Home
မြန်မာသတင်း
လယ်ဝေး အန်အယ်လ်ဒီ အလုပ်အမှုဆောင် ၂ ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် ဖမ်းဆီး
DVB
·
July 21, 2017
လယ်ဝေး အန်အယ်လ်ဒီ အလုပ်အမှုဆောင် ၂ ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် ဖမ်းဆီး
Donate to DVB

နေပြည်တော် လယ်ဝေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အလုပ်အမှုဆောင် ၂ ဦးကို  ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ပါတယ်။

ကျေးရွာဖွံ့ဖြိုးရေးအတွက်ချထားပေးတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအကြောင်းကို လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့အတွက် လယ်ဝေးမြို့နယ်၊ အေလာမြို့ အန်အယ်လ်ဒီအလုပ်အမှုဆောင် ဒေါ်သက်သက်မော်နဲ့ လယ်ဝေးမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင် ကိုကျော်မျိုးလွင်တို့ ဖမ်ဆီးခံခဲ့ရတာပါ။

ကျော်မျိုးလွင်ရဲ့ဖခင်ဖြစ်သူက  “ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဓာတ်ပုံတက်လာကို ရှယ်လို့။ ၂၀၁၅-၁၆ လွှတ်တော်ရန်ပုံငွေရဲ့ အသုံးစရိတ် ဒလန့်ချွန်ရွာကို လမ်းအတွက် သိန်း ၃၀၊ ရေတွင်းအတွက် သိန်း ၃၀ ချပေးတယ်။ အဲဒီချပေးတာကို အရင်အုပ်ချုပ်ရေးမှူးဟောင်းက အလုပ်မလုပ်ပဲနဲ့ အဂတိလိုက်စားတဲ့အတွက်ကြောင့် ကျော်မျိုးလွင်က ဦးဆောင်ပြီး တိုင်ကြားပေးတယ်။ အဲဒီအမှုကို ရုံးတင်စစ်ဆေးတဲ့အခါမှာ တရားခံ အုပ်ချုပ်ရေးမှူးဟောင်းကို ဓာတ်ပုံရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခင်လိုက်တယ်။ တင်တာကတဦး၊ ကျော်မျိုးလွင်က ရှယ်တာပဲရှိတယ်။ ရှယ်တဲ့ အမှုက ၆၆ ဃဖြစ်ပါတယ်ဆိုပြီးတော့ ရဲကလာပြီး ခေါ်တာပါပဲ”လို့ ပြောပါတယ်။

ဒလန့်ချွန်အုပ်စု၊ ဘူတာစုရပ်ကွက်နေ ယခင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေးကို ဖွံ့ဖြိုးရေး ရန်ပုံငွေအလွဲသုံးစားပြုမှုနဲ့ ကျေးရွာ ဒေသခံ ၄၀ ဦးက လက်မှတ်ရေးထိုးပြီး ဒေသခံ ဦးတင်ဝင်းက တရားလိုပြုလုပ် တရားစွဲခဲ့တာပါ။

ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားရင်ဆိုင်နေရတဲ့ ဦးတင်ဌေး အကြောင်းကို ဒေါ်သက်သက်မော်က ဓာတ်ပုံနဲ့ စာသားရေးတင်ခဲ့တဲ့အတွက် ဦးတင်ဌေးရဲ့ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းက သိက္ခာကျဆင်းစေမှုအတွက် တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်တိုင်ကြားခဲ့တယ်။

ဒေါ်သက်သက်မော်ကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးခဲ့ပြီး ဒေါ်သက်သက်မော်တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ကို ပြန်လည်ရှယ်ခဲ့တဲ့ ကိုကျော်မျိုးလွင်ကိုတော့ ဇူလိုင် ၁၉ ရက်က ဖမ်းဆီးခဲ့တာပါ။

ကိုကျော်မျိုးလွင်ကို လယ်ဝေးမြို့နယ်တရားရုံးမှာ ဇူလိုင် ၂၀ ရက်နေ့နဲ့ ဒေါ်သက်သက်မော်ကိုတော့ ဇူလိုင်၂၁ ရက်နေ့က အသီးသီးရုံးထုတ်ခဲ့ပြီး အာမခံရရှိဖို့အတွက် တရားရုံးကို တင်သွင်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013