DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကားတစီး တိမ်းမှောက်
DVB
·
July 21, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်၂၈၂/၁ နဲ့ ၂အကြား မှာ ဇူလိုင် ၂၀ ရက် ညနေပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက် မောင်းလာတဲ့ ကားတစီးအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲအုပ်ဇော်လှိုင်မြင့်က “အရှိန်တအားများလွန်းတယ်၊ ဖြစ်သွားတာထက်စာရင် ကံကောင်းတယ် ဆိုရမယ်။ ယာဉ်မောင်းဝေဖြိုးက ယာမျက်ခွံပေါက်ပြဲတယ်။ ထက်ဝေကျော် မေးစေ့နဲ့မျက်ခွံ ပေါက်တယ်။ ခါးမှာပွန်းပဲ့ ညိုမဲနေတယ်။ လှိုင်ထွန်းကတော့ နဖူးပေါက်၊ ဝဲလက်မောင်း ပွန်းပဲ့တယ်။ တပ်ဖွဲ့ဝင် ၁၅ ယောက်၊ မီးသတ်ဦးစီး ကျန်းမာရေးမှူးတို့နဲ့ ကူညီပြီး မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

သီးကုန်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ဝေဖြိုးကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ ထိခိုက်ဒဏ်ရာ သာမာန်/ပြင်းထန် ရစေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013