မင်္ဂလာဈေးသစ် မိုးကာလကုန်မှသာ စတင်ဆောက်လုပ်နိုင်မည်
DVB
·
July 21, 2017

ရန်ကုန်မြို့ မင်္ဂလာဈေး ပြန်လည်တည်ဆောက်မှုကို မိုးကာလအပြီး အောက်တိုဘာလလောက်မှသာ စတင်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ဈေးတာဝန်ခံရုံးကနေ သိရပါတယ်။
လက်ရှိ အခြေအနေမှာ မိုးတွင်းကာလလည်း ဖြစ်တာကြောင့် ရေသွင်းတာပဲ ပြုလုပ်နေပြီး မိုးကာလအကုန်မှသာ မြေတူးပြီး လုပ်ငန်းစတင်မယ်လို့ သိရပါတယ်။
မင်္ဂလာဈေးက ၂၀၁၀ ပြည့်နှစ်မှာ ပထမအကြိမ် မီးလောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံ မီးလောင်ကျွမ်းခဲ့ပြီးနောက် အသစ် ပြန်လည်တည်ဆောက်ဖို့ ရှိနေတာပါ။











