DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်း စာသင်ကျောင်း ရေ၀င်ရောက်မှုကြောင့် သင်ကြားရေး အခက်ကြုံ
DVB
·
July 21, 2017
ကညွတ်ကွင်း စာသင်ကျောင်း ရေ၀င်ရောက်မှုကြောင့် သင်ကြားရေး အခက်ကြုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့ရှိ အ-ထ-က-၁ ကျောင်းဝင်းအတွင်းက ကျောင်းဆောင်အချို့မှာ ရေတွေဝင်ရောက်နေမှုကြောင့် သင်ကြားရေးမှာ အခက်ခဲ ကြုံနေရတယ်လို့ ကျောင်ဆရာတဦးက ပြောပါတယ်။

လက်ရှိကျောင်းဆောင်အတွင်းနဲ့ ကျောင်းဝင်းအတွင်း ရေတွေဝင်ရောက်ရတာဟာ ရေနုတ်မြောင်းတွေကြောင့်ဖြစ်တယ်လို့ ကျောင်းကော်မတီဝင်တဦးက ဆရာကြီး ဦးမြင့်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ ရေမြောင်းတွေက ထွက်ရမယ့်နေရာကို မထွက်တာ။ ရေတွေက နောက်ဆုံး လယ်ကွင်းထဲကို ထွက်ရမှာ။ အိမ်တွေခြံတွေက ပိတ်ဆောက်လိုက်တော့ မြောင်းတွေက ရေမထွက်တော့ဘဲ ပြောင်းပြန်ပြန်ပြီးစီးလားတယ်။”

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းက “ကျမစည်ပင်ကော်မတီ တာဝန်ပေးအပ်ပွဲအပြီးမှာ မြို့ပေါ် မြို့အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်က စည်ပင်ကော်မတီဝင်တွေနဲ့ အစည်းအဝေးလုပ်ပြီး မြို့ပေါ်မြောင်းတွေ ကိစ္စပြောထားပါတယ်။ ကျမသိရသလောက်ကတော့ မြို့ပေါ်မှာ မြောင်းတွေကို ဖို့ပစ်တာတွေ၊ ဟာလာစက်တွေက စပါးခွံတွေကြောင့် မြောင်းပိတ်တာ တွေရှိနေတယ်” လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကညွတ်ကွင်းမြို့ စည်ပင်သာရာဌာန တာဝန်ရှိသူကို ဒီဗွီဘီက မေးမြန်းခဲ့ရာ မိမိတို့ သွားရောက်ကြည့်ရှုမှာဖြစ်ပြီး လိုအပ်တာတွေ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ရေမြောင်းတွေကြောင့်ဆိုရင်လည်း လုပ်ဆောင်ပေးသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါကျောင်းမှာ ကျောင်းသားဦးရေ ၂၆၃၀ ပညာသင်ကြားနေပြီး အခု ဆဋ္ဌမတန်း ကျောင်းဆောင်တွေအတွင်း ရေ၀င်ရောက်နေမှုကြောင့် ကျောင်းသူ/ကျောင်းသားဦးရေ ၃၆၁ ဦး နေရာပြောင်းရွှေ့သင်ကြားနေရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013