DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင် ရထားလမ်းရေကျော်သဖြင့် ခရီးစဉ်များ ရပ်ဆိုင်း
DVB
·
July 21, 2017
ရန်ကုန်-မော်လမြိုင် ရထားလမ်းရေကျော်သဖြင့် ခရီးစဉ်များ ရပ်ဆိုင်း
Donate to DVB

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းမှာ ဇူလိုင် ၂၁ ရက်၊ မနက်အစာပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားသံလမ်းပေါ် အမြင့် ၂ ပေခွဲလောက် ရေကျော်မှု ဖြစ်ခဲ့လို့ မော်လမြိုင်မှ ရန်ကုန် ထွက်ခွာလာတဲ့ အမှတ် ၃၆ အစုန်ရထား ခရီးစဉ် ရပ်ဆိုင်းခဲ့ရပါတယ်။

"ရထားလမ်းပေါ်ကို မနက် ၂ နာရီလောက်ကတည်းက ရေကျော်နေတော့ မော်လမြိုင်ဘက်က ထွက်လာတဲ့ ရထားက ရထားလမ်းပေါ်မှာ ရှေ့လည်းသွားမရဘူး၊ နောင်လည်း ဆုတ်မရအခြေနေဖြစ်နေတာ ရေကတော့ မကျသေးဘူး၊ သွားလာလို့မရသေးဘူး ရေကျော်လို့။ ရပ်နေတဲ့ ရထားကိုလည်း ရွေ့နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ခရီးသည်တွေကတော့ မနက်ပိုင်းကတည်းက သူတို့ဟာသူတို့ ကားလမ်းနဲ့ ခရီးဆက်ကြပြီ၊ ရထားခရီးစဉ်တွေကို ရပ်ထားရတယ်'' ဟု သိမ်ဇရပ်ရုံပိုင်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ရထားလမ်း ရေကျော်မှုအခြေအနေကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည် ၄၀၀ ကျော်ဟာ ကိုယ့်အစီစဉ်နဲ့ကိုယ် ခရီးဆက်လက်ထွက်ခွာသွားကြကြောင်း သိရပါတယ်။

ရထားကတော့ ရေကျော်မှု ဖြစ်ပွားရာအနီးမှာ ရေကျချိန်အား စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သိမ်ဇရပ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်ပြိုကျမှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေသလို ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာလည်း ရေကျော်မှုတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013