DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုအန္တရာယ်ရှိ နေအိမ် ၆၀ ခန့်ကို ဈေးနှုန်းသက်သာစွာ မြေကွက် အစားထိုးပေး
DVB
·
July 21, 2017
ကမ်းပါးပြိုအန္တရာယ်ရှိ နေအိမ် ၆၀ ခန့်ကို ဈေးနှုန်းသက်သာစွာ မြေကွက် အစားထိုးပေး
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ် ကမ်းနဖူးရှိ နေအိမ် ၅၈ လုံးအတွက် ကုန်းမြင့်ပိုင်း မြစ်ရေလွတ်ရာနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ပေ ၄၀၊ ပေ ၆၀ မြေကွက်များ ဈေးနှုန်း သက်သာစွာနဲ့ ချထားပေးကြောင်း သိရှိရပါတယ်။

မင်းလှမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ လွှတ်တော်ကိုယ်စားလှယ်၊၊ မြို့မိမြိုဘတွေနဲ့ ဌာနဆိုင်ရားတွေက အစည်းတရပ်ဝေးကျင်းပပြီး ကော်မတီဖွဲ့စည်းပြီး မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေး ဦးစီးဌာနက မြေကွက်ရိုက်ကာ မဲစနစ်နဲ့ နေရာချထားပေးထားတယ်လို့ သိရပါတယ်။

အဆိုပါနေအိမ်တွေဟာ ကမ်းပါးပြိုမှု၊ ရေကြီးမှုအန္တရာယ်ကို နှစ်စဉ်ရင်ဆိုင်နေကြရလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ် သိန်း ၁၇၀၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ် သိန်း ၁၀၀ နဲ့ အကောင်ထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးက ပြောပါတယ်။

“ယာခင်ပိုင်ရှင် ဦးမြသောင်းနဲ့ ညှိနှိုင်းပြီးတော့ မြေကွက်တကွက်ကို ၈ သိန်းကျပ် ကျမှာဖြစ်တဲ့အတွက် ရရှိထားတဲ့ ရန်ပုံငွေမှ တအိမ်လျင် ၃၃၀၀၀၀ ကျပ် မြေဖိုးထောက်ပံ့ထားပြီး ရပ်ကွက်ပိုင် အဆောက်အဦ တည်ဆောက်နိုင်ဖို့ မြေကွက်လေးကွက်ကို အများသဘောတူ ဝယ်ယူထားပြီး လျှပ်စစ်မီးရရှိရေး၊ မြေကွက်ညှိတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း”  ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးညွန့်ဝေက ပြောပါတယ်။

မင်းလှမြို့ ကမ်းနားလမ်းနေထိုင်တဲ့ ပြည်သူတွေက တနေ့လုပ် တနေ့စား ဆင်းရဲချို့တဲ့ သူများဖြစ်ကြပြီး ရွှေ့ပြောင်းဖို့ စရိတ်မတတ်နိုင်လို့ နေအိမ် အလုံး ၂၀ သာ ရွှေ့ပြောင်းနိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013