အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ လီဗာပူး အရန်ဂိုးသမား မာမာဒတ်ရှ်ဗီလီဟာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် တင်ပို့လိုက်ရပါတယ်။
အဲဗာတန်တိုက်စစ်မှူး ဘက်တိုနဲ့ တိုက်မိပြီးနောက် ခြေထောက်မှာ ဒဏ်ရာကြီးကြီးမားမား ရရှိသွားခဲ့တာဖြစ်ကြောင်း နည်းပြ အာနစလော့က အတည်ပြုခဲ့ပါတယ်။
မာမာဒတ်ရှ်ဗီလီရဲ့နေရာမှာ တတိယဂိုးသမား ဖရက်ဒီဝုဒ်မန်း ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးကို ဗန်ဒိုက်က ပွဲပြီးခါနီးမှာ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီးထက် ၇ မှတ်အသာနဲ့ အခြေအနေ ကောင်းသွားပေမဲ့ အယ်လစ်ဆင် အပါအဝင် အဓိက ကစားသမားများစွာ ဒဏ်ရာရနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။










