DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် တူးမြောင်းအတွင်း လူ ၁ ဦး ရေနစ်သေဆုံး
DVB
·
July 21, 2017
ပေါင်မြို့နယ် တူးမြောင်းအတွင်း လူ ၁ ဦး ရေနစ်သေဆုံး
Donate to DVB

ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရင်းငြိမ်တူးမြောင်းအတွင်း ဇူလိုင် ၁၉ ရက်နေ့ညပိုင်းက လူ ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ရင်းငြိမ်ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ ကွင်းအမှတ် ၇၆၅ ရှိ ရင်းငြိမ်တူးမြောင်းအတွင်းမှာ ဇူလိုင် ၁၉ ရက် ည ၉ နာရီခွဲလောက်က အမျိုးသားတဦး ရေနစ်သေဆုံးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖုန်းသတင်းပေးချက်အရ ရင်းငြိမ်ရဲကင်းစခန်းတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ ဦးမင်းအောင်ဆိုသူဟာ တူးမြောင်းထဲ ပက်လက်အနေအထားနဲ့ နှာခေါင်းကနေ သွေးရည်ကြည်တွေ ထွက်ပြီး ပြင်ပဒဏ်ရာတစုံတရာမရှိဘဲ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ရဲငြိမ်ရဲကင်းစခန်းမှ ခေတ္တရဲကင်းစခန်းမှူး ဒုရဲအုပ်အောင်ဌေးက ပြောပါတယ်။

"သေဆုံးသူက မနေ့က ညနေ ၅ နာရီလောက်က တူးမြောင်းထဲမှာ ခရုဖမ်းဖို့ ထွက်သွားရာကနေ ပြန်မရောက်မလာလို့ သူ့မိသားစုက လိုက်ရှာတော့ ည ၁၀ နာရီလောက်မှ တူးမြောင်းထဲမှာ ရေနစ်သေဆုံးနေတာကို တွေ့ခဲ့တယ်လို့တော့ ပြောတယ်။ နောက်ပြီး ဒီလူက ရောဂါသည်တယောက်လည်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဦးမင်းအောင် ရေနစ်သေဆုံးမှုနဲ့ ပတ်သက်လို့ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၃၆/၂၀၁၇) အရ အမှုဖွင့်ထားပြီး ဓမ္မာတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် ဆေးစစ်နေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013