DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်တွင် တရားမဝင်​ကျွန်းသစ်​လုံးများ ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
July 21, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မဲဟင်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၀ ရက် မနက်ပိုင်းက ပိုင်ရှင်မဲ့ တရားမ၀င်ကျွန်းသစ်လုံး ၁၀ တန်ကျော် ဖမ်းမိခဲ့တယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာနက ပြောပါတယ်။

ကသာခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေနဲ့ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သတင်းအရ ထီးချိုင့်မြို့နယ် မဲဟင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ ဆိုက်ကပ်ထားတဲ့ ဝါးဖောင်အတွင်းစစ်ဆေးရာမှ တရားမဝင်ကျွန်းသစ် ၇၉ လုံး၊ ၁၀  တန်ကျော်အား ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ပိုင်ရှင်ဖမ်းဆီးရမိရေးအတွက် ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ထားပြီး ဖမ်းဆီးမိတဲ့သစ်တွေကို ထီးချိုင့် သစ်တောရုံးဝင်းအတွင်း သယ်ယူထားတယ်လို့ သိရပါတယ်။

သတင်း - ကိုကျော်(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013