DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်မှ ဆက်လက်ဝင်ရောက် (ရုပ်သံ)
DVB
·
July 21, 2017
Donate to DVB


 

ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြား နေရပ်ပြန်နေကြရာမှ ကော့သောင်းနယ်စပ်ဂိတ်ကို ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက နေရပ်ပြန်အလုပ်သမား ၈၂ ဦး ထပ်မံရောက်ရှိလာပါတယ်။

ထပ်မံရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေကြတဲ့ ပရဟိတအဖွဲ့တွေက ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်နိုင်ဖို့ စီစဉ်ပေးပြီး ကော့သောင်းမြို့မှ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့တို့မှ နေရပ်ပြန်နိုင်ဖို့ မော်တော်ယာဉ်တွေ စီစဉ်ပေးခဲ့ကြပါတယ်။

ဝင်ရောက်လာကြတဲ့ထဲက ရနောင်းဆေးရုံမှာ ကလေးမွေးဖွားပြီး ငွေမပေးနိုင်လို့ ဖမ်းဆီးခံရတဲ့ ရေးမြို့နယ်နေ မစန်းဌေးက “ကျမမှာလည်း ဘတ်ကတ်မရှိ၊ ကျမယောက်ျားမှာလည်း ဘတ်ကတ်မရှိတော့ ပြန်ဖို့လုပ်နေတဲ့အချိန် ကလေးမွေးလို့ ရနောင်းဆေးရုံ တက်တယ်၊ ကလေးမွေးပြီး ဆေးရုံက ဘတ်ငါးသောင်း တောင်းတာ မပေးနိုင်လို့ အချုပ်ထဲ ထည့်လိုက်တာ အခု ၅ ရက်မြောက်နေ့မှာ ပြန်ပို့ပေးတဲ့အဖွဲ့တွေက လာခေါ်လို့ လွှတ်လာတာပါ” လို့ ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့ကနေ  ၂၀ ရက်နေ့ထိ ဝင်ရောက်လာတဲ့သူ ၁၆၀၀ နီးပါးရှိသွားပြီလို့ လ.ဝ.က စာရင်းတွေအရ သိရပါတယ်။

သတင်း၊ရုပ်သံ - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013