DVB Logo
Home
မြန်မာသတင်း
ကရင်​ပြည်​နယ်​တွင် ​မိုးကြီးနိုင်၊​ ​​တောင်​ပြို​မြေပြိုတာ​ အထူးသတိထားရန်လိုဟု မိုးဇလ သတိပေး
DVB
·
July 20, 2017
ကရင်​ပြည်​နယ်​တွင် ​မိုးကြီးနိုင်၊​ ​​တောင်​ပြို​မြေပြိုတာ​ အထူးသတိထားရန်လိုဟု မိုးဇလ သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေ အားကောင်းနေတဲ့အတွက် ကရင်ပြည်နယ် အနှံ့အပြားနေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် တောင်ပေါ်ဒေသတွေမှာ တောင်ပြိုမြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် အထူးသတိထားဖို့ လိုတယ်လို့ ဒီနေ့ မနက် ၁၀ နာရီက မိုးလေဝသနဲ့ ဇလဗေဒ လက်ထောက်ညွှန့်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒသတင်းတွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံပြီးအသုံးပြုမယ်ဆိုရင် အားလုံးအန္တရာယ် ကင်ရှင်းနိုင်တယ်လို့ ဦးအောင်ကိုကိုက ဆက်လက် ပြောကြားပါတယ်။

“အဓိက ကတော့ မိုးလေဝသနဲ့ ဇလဗေဒက ထုတ်ပြန်တဲ့သတင်းတွေကို အရေးကြီးကြီး မကြီးကြီး ဒါတော့ အကျင့်ဖြစ်သွားအောင်နားထောင်ပေးပါ။ နားထောင်ပေးလို့ရှိရင် ဒီသတင်း တွေပေါ်မူတည်ပြီတော့လည်း တချို့ကောလဟာလတွေကို မယုံကြည်ဖို့။ ရှိတဲ့ သတင်းတွေ အပေါ်မှာလည်း ဒီသတင်းတွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး အသုံးပြုသွားမယ် ဆိုရင်တော့ အားလုံးဘေးအန္တရာယ် ကင်းရှင်းသွားနိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေအမှတ်ထက် အနည်းငယ်ကျော်လွန် နေတဲ့အတွက် ဘားအံမြို့ရဲ့ ကမ်းနားအနီးနဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ နေထိုင်ကျတဲ့ လူနေ ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုတွေရှိလာတဲ့အတွက် စာသင်ကျောင်းတချို့ပါ ပိတ်ထားရ ပါတယ်။

ဒီကနေ့မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၇၆၀ စင်တီမီတာမှာရောက်ရှိနေပြီး မနေ့က ဇူလိုင် ၁၉ ရက်နေ့ တိုင်ထွားချက်အရ ၇၇၂ စင်တီမီတာကနေ အနည်းငယ်ကျဆင်းသွားပေမယ့် နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မြစ်ကမ်းအနားအနီး နေထိုင်သူတွေကို သတိပြုနေထိုင်ကျဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013