DVB Logo
Home
မြန်မာသတင်း
ဒေသတွင်းအမျိုးသားအဆင့် သက်ကြီးမူဝါဒ ဆွေးနွေးပွဲ ကျင်းပ
DVB
·
July 20, 2017
Donate to DVB

ဒေသတွင်းဆိုင်ရာ အမျိုးသားအဆင့် သက်ကြီးမူဝါဒဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ဇူလိုင် ၂၀ ရက်က ကျင်းပပါတယ်။

ဆွေးနွေးပွဲကို လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ ကုလသမဂ္ဂဆိုင်ရာ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ပူးပေါင်းကျင်းပတာပါ။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ရဲ့ လူမှုကာကွယ်ရေးဆိုင်ရာ အကြံပေး ဒေါက်တာ ၀ီဆမ်ပီရူမာက  "ဒီအမျိုးသားအဆင့် လူမှုကာကွယ်ရေးဆိုင်ရာမဟာဗျူဟာစီမံချက်ကနေ သက်ကြီးတွေအတွက် အကျိုးသက် ရောက်မှုတွေရှိခဲ့ပါတယ်။ အခုကျင်းပပြုလုပ်မယ့် ဒေသတွင်း သက်ကြီး မူဝါဒဆိုင်ရာ နှီးနှောဖလှယ်ပွဲကနေ အစိုးရရဲ့ သက်ကြီးအရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုအမြင်နဲ့ သက်ကြီးတွေရဲ့ အဓိကစိန်ခေါ်မှုတွေ၊ အခွင့်အရေးတွေကို ဘယ်လိုရင်ဆိုင်တောင်းဆိုသင့်တယ် ဆိုတာတွေကို ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သက်ကြီးရွယ်အို ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်က လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ်က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့နဲ့ LIFT အဖွဲ့ရဲ့ နည်းပညာအကူအညီတွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒေသတွင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံဒေသတွင်း နိုင်ငံတွေအချင်းချင်း သက်ကြီးမူဝါဒတွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ သက်ကြီးဦးရေ ကိစ္စတွေနဲ့ သက်ကြီးတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေး နိုင်ဖို့ ဖြေရှင်းချက်တွေကို ဖလှယ် ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေး နှီးနှောဖလှယ်ပွဲကို ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး UN အဖွဲ့အစည်းတွေ၊ ပညာရေး ဆိုင်ရာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အာရှဒေသတွင်းက နိုင်ငံပေါင်း ၁၅ နိုင်ငံက ကိုယ်စားလှယ် ၉၀ ကျော် တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013