DVB Logo
Home
မြန်မာသတင်း
ငဝန်​မြစ်​ရေကြီးမှုကြောင့် ဟသာင်္တမြို့နယ် ​ကျေးရွာအချို့တွင်  စာသင်​​ကျောင်းများ ပိတ်​ထားရ
DVB
·
July 20, 2017
Donate to DVB

ဧရာဝတီတိုင်း ဟသာင်္တမြို့နယ် သက္ကယ်ပြင်အုပ်စုအတွင်းက ပေါ်သစ်ကျေးရွာမှာ ငဝန်မြစ်ရေကြီးတဲ့အတွက် စာသင်ကျောင်းပိတ်ထားရပြီး သောက်သုံးရေအခက်အခဲတွေ ဖြစ်နေပါတယ်။

ပေါ်သစ်ကျေးရွာမှ ဒေသခံအဖွား ဒေါ်စန်းကြည်က "အခက်အခဲတွေက သောက်သုံးရေပေါ့။ အဖွားကလှေလည်း မရှိဘူးလေ။ မိုးရွာမှ မိုးရေခံပြီး သောက်ရတယ်။ ရေသောက်ချင်ရင် ဘေးအိမ်တွေက ခပ်ပေးရင်သောက်ရတယ်။ ဒီလိုမှ မဟုတ်ရင် အိမ်အောက်ကမြစ်ရေပဲခပ်ပြီး ကျိုချက်သောက်နေရတယ်"လို့ ပြောပါတယ်။

ပေါ်သစ်ကျေးရွာထဲကအိမ်ခြေ သုံးရာကျော်ဟာ ငဝန်မြစ်ရေကြီးမှု့ဒဏ်ကိုခံစားနေရတာဖြစ်ပြီး သွားရေးလာရေးအခက်အခဲတွေဖြစ်နေတာပါ။

"ဇူလိုင်လ ၁ ရက်နေ့လောက်က စပြီးရေတက်လာတယ်။ အခက်အခဲကတော့ လှေအခက်အခဲ တွေ ရှိတယ်။ လှေရှိတဲ့ အိမ်တွေလည်း ရှိတယ်။ စီးပွားရေးအဆင်မပြေတဲ့သူတွေကျ လှေမရှိဘူး။ ကျောင်းကတော့ ယာယီပိတ်ထားရတယ်"လို့ ပေါ်သစ်ကျေးရွာ ရပ်မိရပ်ဖ ဦးအောင်ခန့်က ပြောပါတယ်။

ဟသာင်္တမြို့နယ် သက္ကယ်ပြင်အုပ်စုထဲက ကျေးရွာ ၇ ရွာဟာလည်း ငဝန်မြစ်ရေကြီးမှုဒဏ် ခံစားနေရတာလည်း ဖြစ်ပါတယ်။

ပေါ်သစ်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ကျော်ဦးက "ရေက တညကို လက်ငါးသစ်လောက် တက်တယ်။ တရက်ဆိုရင် ၁ ပေနီးပါးလောက် တက်တယ်။ အခြားအိမ်တွေက ရေဝင်တာလောက်ပဲ ရှိသေးတယ်။ အချို့အိမ်တွေကတော့ ရေမြုပ်နေတာ၊ ကျောင်းကတော့ ယာယီ သုံးရက်ပိတ်ထားတယ်။ ကျောင်းကတော့ မမြုပ်သေးဘူး။ ရေကကျောင်းခါးပန်းကို ထိနေပြီ။ ရေဘေးအတွက် အဖွဲ့အစည်းတွေဖွဲ့ပြီး ကြိုတင်ပြင်ဆင်ထားတယ်။ ရေတက်လာပြီး ကမ်းပါးပြိုတာတွေလည်း ဖြစ်နေတယ်။ ၄ နှစ် လောက်ကစပြီး ပုံမှန်ရေကြီးနေတာ၊ အခြားအဖွဲ့အစည်းတွေက ရေလွတ် တုံကင်တွေ လှူထားတာတော့ ရှိတယ်။ လှေမရှိတဲ့အခါ သယ်ယူရ အဆင်မပြေဘူး"လို့ ပြောပါတယ်။

ဟသာင်္တမြို့နယ်အတွင်းကသက္ကယ်ပြင်အုပ်စုအပြင် ပဲကြီးကျွန်းကျေးရွာအုပ်စုတွေမှာလည်း ငဝန်မြစ်ရေကြီးမှု့အန္တရာယ်နှစ်စဉ်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

သတင်း - ထက်ဝေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013