DVB Logo
Home
မြန်မာသတင်း
အာဏာရှင်ဆန်သည့် လုပ်ရပ်များပပျောက်ရေး YBS ယာဉ်လုပ်သားများဆန္ဒပြ
DVB
·
July 20, 2017
အာဏာရှင်ဆန်သည့် လုပ်ရပ်များပပျောက်ရေး YBS ယာဉ်လုပ်သားများဆန္ဒပြ
1 / 7
Donate to DVB

ကောင်းမွန်မှန်ကန်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်ဖို့အတွက် YBS ဘတ်စ်ကားလိုင်းတွေက ရာနဲ့ချီတဲ့ ယာဉ်လုပ်သားတွေဟာ  ဒီကနေ့မနက်က ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ငြိမ်းချမ်းစွာစီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၂၀ရက်နေ့နောက်ဆုံးထားပြီး YBS ကားတွေမှာ စပယ်ယာမထားတော့ဘဲ Cash Box ပိုက်ဆံပုံးစနစ်နဲ့ စတင်ပြောင်းလဲကျင့်သုံးဖို့ သက်ဆိုင်ရာက ညွန်ကြားထားတာကြောင့်  ယာဉ်နောက်လိုက်တွေ အနေနဲ့ အလုပ်လက်မဲ့ဖြစ်ကုန်ကြရတဲ့အတွက် အခုလို ဆန္ဒပြကြတာပါ။

ဆန္ဒြုပပွဲမှာ ရွှေပြည်သာမြို့နယ် အခြေပြုပြေးဆွဲတဲ့ YBS ယာဉ်လိုင်း တချို့က ယာဉ်လုပ်သား ၃၇၀ ကျော်လောက်ပါဝင်ခဲ့ပြီး ယာဉ်လုပ်သမားတွေ အလုပ်အကိုင်ပြန်လည် ရရှိရေး၊ ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်ဆောင်ပေးရေး၊ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ ပပျောက်ရေး၊ အများပိုင်လုပ်ငန်းစနစ် ပီပြင်ရေးနဲ့  YBS ယာဉ် နောက်လိုက်တွေ အလုပ်အကိုင် ဆက်လက်တည်မြဲရေး ကြွေးကြော်သံနဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ YBS ၄၀ ယာဉ်မောင်း ဦးကျော်ဇင်သန်းက “ကျနော်တို့ တစ်ပတ် စောင့်ကြည့်ပါမယ် တပတ်ပြည့်လို့ မထူးခြားရင် မြို့တော်ခန်းမရှေ့ထိ ဆန္ဒပြမယ်။ ဒါမှမထူးခြားရင် နေပြည်တော် ထိတက်ပြီး ဆန္ဒပြမယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီနေ့ ဆန္ဒဖော်ထုတ်တဲ့ ယာဉ်လုပ်သားတွေဟာ အရင် ရွှေအင်းဝယာဉ်လိုင်း(ယခု YBS 40က)က ဖြစ်ပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ယာဉ်လုပ်သား ဦးဉာဏ်လင်းအောင်က ကျနော်ကားက စပယ်ယာ ဆိုရင် ဒုတိယနှစ်တက်ပြီး အလုပ်လုပ်နေတာ။မိသားစုက အဆင်မပြေဘူး။ သူအလုပ်လက်မဲ့ ဖြစ်ရင် သူ့မိသားစုပါ အခက်တွေ့ပြီ လို့ ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ယာဉ်နောက်လိုက် အဖြစ် အသက်မွေးဝမ်းကျောင်းနေတဲ့ စပါယ်ယာလုပ်သားပေါင်း ခန့်မှန်းချေ ၁၂၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013