DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်နှင့် စာသင်ကျောင်းအချို့ ပျက်စီး
DVB
·
July 20, 2017
ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်နှင့် စာသင်ကျောင်းအချို့ ပျက်စီး
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ် သပြေကန်ကျေးရွာမှာ ဇူလိုင် ၁၉ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် နေအိမ်အချို့နဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ပါတယ်။

လေဆင်နှာမောင်းကြောင့် နေအိမ်တွေ ၁၈ လုံးအပါအဝင် စာသင်ကျောင်း နှစ် ကျောင်း ပျက်စီးခဲ့ရပြီး ကျောင်းဆရာ၊ ဆရာမတွေနေတဲ့ ကျောင်းဆောင်လည်း ပျက်စီးသွားတယ်လို့ သပြေကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်နိုင်က ဒီဗွီဘီကိုပြောပါတယ်။

“လေဆင်နှာမောင်းတိုက်တာ၊ အရမ်းပြင်းတယ်ဗျ၊ ခဏပဲတိုက်သွားတာ၊ လူနေအိမ် ၁၈ အိမ်ပါ သွားတယ်။ စာသင်ကျောင်းကနှစ် ကျောင်းပါသွားတယ်။ တကျောင်းလုံးကတော့ လုံးဝ မရလိုက်ဘူး။ ပျက်စီးသွားတယ်။ တချို့အိမ်တွေကို ခေါင်းမိုးလန်တာတွေ၊ လုံးဝပျက်စီးသွားတာ ရှိတယ်။ ဆရာမတွေနေတဲ့ ကျောင်းဆောင်ကတော့ လုံးဝပျက်စီးပါတယ်။ အခုလောလောဆယ် မှာတော့ သူတို့နေဖို့နေရာ စီစဉ်ပေးထားတာ မရှိသေးဘူး။”

အဲ့ဒီပြေကန်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး၊ စာသင်ကျောင်းနှစ်ကျောင်းမှာ ကျောင်းသူ/သား ၅၀၀ ကျော် ပညာသင်ယူနေကြရပြီး လတ်တလောကျောင်းဆောင်တွေ ပျက်စီးနေတာကြောင့် စာသင်တာရပ်တာ ထားရတယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပါတယ်။

“ဆရာ၊ ဆရာမ ဒီမှာစာသင်ပြနေတာ အကုန် ၁၈ ဦးရှိပါတယ်။ အဲ့ဒီကျောင်းနှစ်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေ၅၀၀ ကျော်ရှိမယ်။ ကျောင်းတွေပြိုကျ ပျက်စီးသွားတော့ ကျောင်းစာပြတာကိုရပ် ထားရတာပေါ့။ ကျနော်တို့ ဖြစ်ကတည်းက ပေါက်တော အုပ်ချုပ်ရေးရယ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အားလုံးကို ပျက်စီးစာရင်းတွေ တင်ပြထားပါ တယ်။ လေဆင်နှာမောင်းနေအိမ်တွေ ပျက်စီးသွားတဲ့ မိသားစုဝင်တွေကတော့ နီးစပ်ရာဆွေမျိုး သားချင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေကြရပြီး ဒီကနေ့ မနက်အထိတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ကူညီပေးတာ၊ကြည်ရှုတာတွေ မရှိသေးဘူး”လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဦးဇော်ဇော်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013