DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 19, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
အိန္ဒိယနိုင်ငံကို အဓိကထား တင်ပို့နေတဲ့ မတ်ပဲက ၁ အတွင်းမှာ ၁ တန်ကို ငွေကျပ် ၈ သောင်းနီးပါး ဈေးကျဆင်းသွားပါတယ်။ ဇွန်လ ပထမအပတ်မှာ ၁ တန်ကို ၈ သိန်း ၅ သောင်းကျော် ပေါက်ဈေး ရှိခဲ့ပေမယ့် ဇူလိုင်လ တတိယအပတ်မှာတော့ ၁ တန်ကို ငွေကျပ် ၇၇၄,၀၀၀ ဈေးရှိပါတယ်။

အိန္ဒိယနိုင်ငံက မတ်ပဲ ဝယ်ယူမှု နည်းပါးနေတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။ ယမန်နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် ထက်ဝက်ကျော်မက မတ်ပဲဈေးက ကျဆင်းနေပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှာ မတ်ပဲ ၁ တင်းကို ငွေကျပ် ၅၈,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၁ တင်းကို ငွေကျပ် ၂၅,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း ဇွန်လမှာ ၁ တန်ကို ငွေကျပ် ၆ သိန်း ၄ သောင်းကျော်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် ဇူလိုင်လမှာတော့ ၁ တန်ကို ငွေကျပ် ၅ သိန်း ၉ သောင်းကျော်အထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။

၁ တန်ကို ၅ သောင်းနီးပါး ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံကလည်း အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတဲ့ ပဲ ဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံဈေး ကျနေတဲ့အတွက် ပြည်တွင်း ပဲစင်းငုံဈေးက ကျဆင်းနေတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ကာလတူ အခြေအနေမှာ ပဲစင်းငုံ ၁ တင်းကို ၅ သောင်းကျပ်နီးပါးအထိ ပေါက်ဈေးရှိခဲ့ပေမယ့် ၂၀၁၇ မှာတော့ ၁ တင်းကို ၂ သောင်းကျပ်နီးပါးသာ ပေါက်ဈေးရှိပါတယ်။

ကြက်သွန်နီ
၂၀၁၆ ခုနှစ်မှာ ၁ ပိဿာကို ၆၅၀ ကျပ်သာ ဈေးအများဆုံး ရရှိခဲ့တဲ့ ကြက်သွန်နီက  ၂၀၁၇ ခုနှစ်မှာတော့ ၁ ပိဿာကို ငွေကျပ် ၁၅၀၀ အထိ ဈေးက မြင့်တက်လာပါတယ်။

ကြက်သွန်နီက အောင်လံ၊ ဆိပ်ဖြူ၊ မုံရွာနဲ့ တောင်တွင်းတို့ကနေ အဓိက ဝင်ရောက်နေပေမယ့်  ဈေးကွက်အတွင်းကို ဝင်ရောက်မှု နည်းပါးတဲ့အတွက် ဈေးတွေက တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်း ကြက်သွန်နီဈေး မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ ပခုက္ကူက ကြက်သွန်နီ ပွဲစားတဦးက ဆိုပါတယ်။

စီပီပြောင်း
မူဆယ်ကနေတဆင့် တရုတ်ကို အဓိက တင်ပို့နေတဲ့ စီပီပြောင်းက ၁ အတွင်းမှာ ၁ ပိဿာကို ၁၀၀ ကျပ်နီးပါးအထိ ဈေးမြင့်တက်ခဲ့ပါတယ်။

ဇွန်လမှာ ၁ ပိဿာကို ၃၈၀ ကျပ်ကနေ ၄၂၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ပေမယ့် ဇူလိုင်လအတွင်းမှာတော့ ၁ ပိဿာကို ငွေကျပ် ၅၄၀ အထိ ဈေးနှုန်းက မြင့်တက်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပြောင်းစိုက်ဧရိယာတွေ လျော့နည်းခဲ့ပြီး ပြောင်းထွက်ရှိမှု လျော့နည်းခဲ့လို့ အခုလို ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ ပြောင်း စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းကနေ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013