DVB Logo
Home
မြန်မာသတင်း
နှစ်​ ၇၀ ပြည့်​အာဇာနည်​ ​နေ့အခမ်းအနားကို ချောက်​မြို့တွင်​ကျင်းပ
DVB
·
July 19, 2017
နှစ်​ ၇၀ ပြည့်​အာဇာနည်​ ​နေ့အခမ်းအနားကို ချောက်​မြို့တွင်​ကျင်းပ
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့ စည်ပင်ပန်းခြံမှာ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို မနက် ၈ နာရီက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံနဲ့ ကျဆုံး အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်းနဲ့ စတင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်ကြီးတွေနဲ့ မြို့နယ်ထွေအုပ်တို့က ပန်းခွေချ အလေးပြုခဲ့ပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အမှတ် ၂ ရေနံချက်စက်ရုံအဖွဲ့၊ ချောက်ရေနံအဖွဲ့၊ လူဝင်ကြီးကြပ်ရေးဦးစီးဌာနအဖွဲ့၊ မြို့နယ် သဘင်ပညာရှင်အစည်းအရုံး၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ ချောက်နည်းပညာသိပ္ပံကျောင်းအဖွဲ့၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ မနောဖြူ လူမှုကူညီရေးအသင်း၊ ကျောင်းသူကျောင်းသားတွေ၊ ချောက်မြို့ပေါ်ရှိ ဌာနဆိုင်ရာတွေ၊ ပရဟိတအသင်း၊ ကျောင်းသူကျောင်းသားတွေက ပန်းခွေချ အလေးပြုခဲ့ပါတယ်။ မနက် ၉ နာရီ ၃၀ မိနစ်မှာ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူငယ်ပရဟိတအဖွဲ့တွေ၊ ချောက်ရေနံမြေ အလုပ်သမားသမဂနဲ့၊ စက်မှုလက်မှုသိပ္ပံ ကျောင်းသား သမဂ္ဂတွေ ထပ်မံချီတက်လာပြီး ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဒေသခံပြည်သူအားလုံးနဲ့အတူ ဥသြဆွဲအလေးပြုခဲ့ကြပါ တယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013