DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် မသန်စွမ်း ကျောင်းသူကျောင်းသားများအတွက် စာရေးကိရိယာများ လှူဒါန်း
DVB
·
July 19, 2017
Donate to DVB

ကော့သောင်းမြို့ပေါ်ရပ်ကွက်နဲ့ ခမောက်ကြီးမြို့ အခြေခံပညာကျောင်းတွေက ကိုယ်အင်္ဂါမသန်စွမ်းသူ ကျောင်းသား ကျောင်းသူတွေကို ဇူလိုင် ၁၇ ရက်က ကျောင်းသုံး စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ကော့သောင်းရုံးခွဲ) ဥက္ကဋ္ဌ ဦးထွန်းဝင်းနဲ့ အလှူရှင်တွေဖြစ်တဲ့ ရွှေမေတ္တာ မော်တော်ယာဉ်လိုင်းမှ ဦးအောင်သန်း၊ ဒေါ်ထွေး မိသားစုနဲ့ ဦးမောင်စိုး၊ ဒေါ်ရှန်းမ မိသားစုတို့က မသန်စွမ်း ကျောင်းသားကျောင်းသူ ၅ ဦးကို တဦးလျှင် ကျောင်းသုံးဗလာစာအုပ် ၄ ဒါဇင်၊ ကွန်ပါဘူး ၁ ဘူး၊ မင်ဖျက်ဆေး ၂ ဘူး၊ ဘောပင် ၁ ဘူးနဲ့ ထီး ၁ လက် စတဲ့ ကျောင်းသုံးပစ္စည်းတွေကို လှူဒါန်းခဲ့တာပါ။

အလှူရှင် ဦးအောင်သန်းက “သူတို့လေးတွေက ကိုယ်အင်္ဂါ မသန်စွမ်းသူတွေဆိုတော့ အများနဲ့ယှဉ်လိုက်ရင် အလိုလို အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေ ရှိပါတယ်။ ဒါကို အားပေးတဲ့အနေနဲ့ ပညာရေးမှာ ကြိုးစားစေချင်လို့ နိုင်တဲ့ဘက်ကနေ ကူညီပေးတာပါ။ နောင်လည်း အလျဉ်းသင့်သလို လှူဒါန်းပေးသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013