DVB Logo
Home
Lead Story
တာချီလိတ်တွင် အာဇာနည် ဗိမာန်ပုံစံတူပြုလုပ်ပြီး အခမ်းအနားကျင်းပ(ဓာတ်ပုံ)
DVB
·
July 19, 2017
တာချီလိတ်တွင် အာဇာနည် ဗိမာန်ပုံစံတူပြုလုပ်ပြီး အခမ်းအနားကျင်းပ(ဓာတ်ပုံ)
1 / 7
Donate to DVB

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကို မြို့လယ်မှာရှိတဲ့ ရှမ်းရိုးမကွင်းမှာ အာဇာနည်ဗိမာန်ပုံစံတူ ပြုလုပ်ပြီး ကျင်းပခဲ့ပါတယ်။

ဗိမာန်ပုံစံတူကို ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသအာဏာပိုင်တွေစုပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး တာချီလိတ်မှာ ခုလိုအာဇာနည်ဗိမာန်ပုံစံတူပြုလုပ်ပြီး ကျင်းပခဲ့တာဆိုရင် ၃ နှစ်တိတိရှိခဲ့ပြီဖြစ်ပါတယ်။

အာဇာနည်နေ့အခမ်းအနားကိုတော့ ဒေသခံတွေအပါအ၀င် တိုင်းရင်းသားပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် ဌာနဆိုင်ရာနဲ့ တပ်မတော်သားတွေလဲ တက်ရောက်ပြီး ဂုဏ်ပြုအလေးပြုခဲ့ပါတယ်။

အာဇာနည်(၉)ဦးကျဆုံးခဲ့တဲ့ မနက် ၁၀နာရီ ၃၇ မိနစ်အချိန်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင် တ၀က်ချလွှင့်တင်ခဲ့ပြီး ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ဌာနဆိုင်ရာတွေက အလှည့်ကျ ပန်းခွေချခဲ့ကြပြီး လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေကလဲ အစဉ်လိုက် ပန်းခွေချခဲ့ကြပါတယ်။

အာဇာနည်နေ့အခမ်းအနားကို လူဦးရေ ၁၀၀၀ နီးပါးတက်ရောက်ခဲ့ပြီး တာချီလိတ်မှာရှိတဲ့ ယဉ်ကျေးမှုအဖွဲ့က လူငယ်လေးတွေက အာဇာနည်နေ့ အထိမ်းအမှတ် တေးသီချင်းသီဆိုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကိုလည်း အမှတ်တရပြန်လည် ရွက်ပြခဲ့တယ်လို့ သိရပါတယ်။

(ကိုဇက်၊ တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013