DVB Logo
Home
Lead Story
အားနည်းချက်ရှိသော်လည်း အတတ်ပညာတခုဖြင့် ဘဝရပ်တည်နိုင်အောင် ကြိုးစားသူတဦး (ရုပ်သံ)
DVB
·
July 19, 2017
အားနည်းချက်ရှိသော်လည်း အတတ်ပညာတခုဖြင့် ဘဝရပ်တည်နိုင်အောင် ကြိုးစားသူတဦး (ရုပ်သံ)
Donate to DVB


ဘဝမှာ သာမန်လူတွေလိုမဟုတ်ဘဲ အားနည်းချက်တချို့ရှိပေမယ့် ဘဝကို အတတ်ပညာတခုနဲ့ ရပ်တည်နေထိုင်နိုင်အောင် ကြိုးစားနေသူတယောက်။

တခြားလူတွေနဲ့မတူတဲ့  ထူးခြားတဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းသွားလာနေသူ၊ သူ့ဘဝမှာ သာမန်လူတွေလို မဟုတ်ဘဲ အားနည်းချက်တချို့ ရှိပေမယ့် ဘဝကို အတတ်ပညာတခုနဲ့ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားနေသူတယောက်။ သူ့နာမည်ကတော့ ပိစိ။

ပိစိတယောက် ဒီလိုပုံစံနဲ့ ရပ်ကွက်ထဲမှာ ဆိုင်ကယ်မောင်းနေတာ ငယ်ငယ်ကတည်းကပါ။ မသိတဲ့သူတွေအတွက်ကတော့ စိတ်မနှံ့တဲ့သူတယောက် ပြေးနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူ့အလုပ်ကိုသူ မြန်မြန်ရောက်အောင် သွားနေတာပါ။

“လူတွေပြောကြတာတော့ အန်တီတော့ မသိဘူးပေါ့နော်။ ယုံလည်း မယုံဘူးပေါ့။ ဟိုဘဝကပဲ ဆိုင်ကယ်စီးပြီးတော့ပဲ သေလာတာလား၊ ဘယ်လိုလဲ မပြောတတ်ဘူး။ အပြင်ကိုထွက်ပြီဆိုရင် ဆိုင်ကယ်ကို သေချာစက်နှိုးပြီးတော့ ထွက်သွားတာ။ ပြန်ဝင်လာရင် သူ ဆိုင်ကယ်ထားတဲ့နားမှာ ရှင်းလင်းပြီးတော့ ဆိုင်ကယ်ကို ရပ်လိုက်တယ်။ ရပ်ပြီးရင် သေသေချာချာ ဒေါက်တွေ ဘာတွေ ထောက်၊ သော့တွေ ဘာတွေ ခတ်ပြီးတော့မှ အိမ်ထဲကို ဝင်လာ။ အဲဒီလိုပုံစံ။ တကယ် မသိရင် သူလုပ်နေတဲ့ သူ့ရဲ့ပုံစံက တကယ် ဆိုင်ကယ်စီးနေတဲ့ပုံစံ။ သူ့မှာ တကယ် ဆိုင်ကယ်ပါလာတဲ့ပုံပဲ။ အဲလိုလုပ်နေတာ။ ၃ နှစ်သားလောက် လမ်းလျှောက်နိုင်တဲ့ အရွယ်ကတည်းက အန်တီတို့ ရွာမှာနေကတည်းက။ ရွာကလူတွေကလည်း အခုချိန်ထိ ဆိုင်ကယ်လေးပဲ သူ့ကိုခေါ်တယ်။ အမျိုးတွေက တွေ့ရင် ဆိုင်ကယ်လေး ဘယ်အရွယ်ရောက်ပြီလဲ မေးကြတယ်။ ဘယ်အချိန်သွားသွား ဆိုင်ကယ်က အမြဲတမ်းစီးသွားတာ။ အဲဒီလိုပဲ။ အခုတော့ နည်းနည်းကြီးလာတော့ ရှက်တတ်လာလား မသိဘူး။ အခုတော့ သိပ်မစီးတော့ဘူး။”

၁၆ နှစ်သားကတည်းက လျှပ်စစ်ပစ္စည်းပြင်တဲ့ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်လာတဲ့ ပိစိ၊ အခု အသက် ၂၄ နှစ်ထဲ ဝင်လာခဲ့ပြီ။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

မြတ်သူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013