DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသတွင်း အစွန်းရောက်တိုက်ခိုက်မှုများကိစ္စ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရှင်းလင်း
DVB
·
July 19, 2017
ရခိုင်ဒေသတွင်း အစွန်းရောက်တိုက်ခိုက်မှုများကိစ္စ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစွန်းရောက်တွေရဲ့  တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးနေရပြီး  အကြမ်းဖက်လှုပ်ရှားမှုတွေ မြင့်တက်လာတဲ့ အထောက် အထားတွေ တွေ့ရှိနေရတယ်လို့  မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးအပါအ၀င် မြန်မာနိုင်ငံရဲ့  ဖြစ်ပေါ် တိုးတက်မှုနောက်ဆုံး အခြေအနေနဲ့ပတ်သက်ပြီး ဇူလိုင် ၁၈ရက်မနက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

၂ဝ၁၆ အောက်တိုဘာကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်  အပြစ်မဲ့အရပ်သား ၄၄ ဦး သတ်ဖြတ်ခံရပြီး ၂၇ ဦး ပျောက်ဆုံးနေ တယ်၊ အကြမ်းဖက်လှုပ်ရှားမှုတွေ မြင့်တက်လာတဲ့ အထောက်အထားတွေ တွေ့ရှိနေရပြီး ဇွန် ၂ဝ ရက်က မေယုတောင်တန်းပေါ်မှာ လူလုပ်ဥမင်လိုဏ်ခေါင်းတွေ၊ သေနတ်တွေနဲ့  လေ့ကျင့်ရေးစခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးနက်နဲတဲ့ သဘောသဘာဝရှိတဲ့အကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေမစ်ရှင်အဖွဲ့ကို မြန်မာနိုင်ငံအနေနဲ့ လက်မခံတဲ့အကြောင်းထပ်မံပြောကြားခဲ့ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်းအခြေအနေတွေကို ပိုမိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့လည်း ပြောကြားသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကလည်း ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ရန်ကုန် အခြေစိုက်သံရုံးတွေက နိုင်ငံတကာ သံတမန်တွေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013