DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အာဇာနည်နေ့အခမ်းအနားတွင် ကလေးခရိုင် ကျောင်းသားသမဂ္ဂလူငယ်များ ချီတက်အလေးပြု
DVB
·
July 19, 2017
Donate to DVB

ကလေးမြို့တွင် ကျင်းပသော နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရာ အာဇာနည်ကျောက်တိုင်ကို အင်အား ရာချီတဲ့ ကလေးခရိုင် ကျောင်းသားသမဂ္ဂ လူငယ်များက ချီတက်အလေးပြုခဲ့ကြပါတယ်။

ချီတက်အလေးပြုရာမှာ ကလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၀၀ ဟာ အာဇာနည် ၉ ဦးအပြင် သမိုင်းဝင် ခွပ်ဒေါင်းအောင်လံတော်နဲ့ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည် ထောင်သောင်းတို့ကို ကနဦး အလေးပြုခဲ့ကြပါတယ်။

ကလေးခရိုင် ကျောင်းသားသမဂ္ဂဟာ ၄င်းတို့ အောင်မြေဖြစ်တဲ့ ကလေး တမြို့နယ်လုံးဆိုင်ရာ ရတနာဘုံ၊ ရွှေဘုံသာဘုရားကြီးကနေ အာဇာနည်ကျောက်တိုင်ထိ  ၁ မိုင်ခန့် ခြေလျင်ချီတက်ပြီး အလေးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013