DVB Logo
Home
Lead Story
ပဲခူး၊ ပဲနွယ်ကုန်းနှင့် ကညွတ်ကွင်းမြို့များတွင် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပ
DVB
·
July 19, 2017
ပဲခူး၊ ပဲနွယ်ကုန်းနှင့် ကညွတ်ကွင်းမြို့များတွင် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနား ကျင်းပ
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပဲနွယ်ကုန်းမြို့နဲ့ ကညွတ်ကွင်းမြို့တွေမှာ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကျောင်းသူကျောင်းသားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ပဲခူးမြို့ အစိုးရအဖွဲ့ရုံးရှေ့ ဗိုလ်ချုပ် ကြေးရုပ်မှာ ဒီနေ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြပါတယ်။

ပဲခူးတိုင်း ကညွတ်ကွင်းမြို့မှာလည်း နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကွင်းပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ၇၀ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ ဗိုလ်ချုပ်ရုပ်ထု ရင်ပြင်မှာ ကျောင်းသားကျောင်းသူ ၅၀၀၀ ကျော် ပဲနွယ်ကုန်းမြို့ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂါဝရပြုခဲ့ကြပါတယ်။ အခမ်းအနားကို မနက် ၉ နာရီမှ စတင်ကာ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုရ အလယ်ဆင့် အထက်ဆင့် ကျောင်းသားသူ ၁၂ ဦးကို ဆုချီးမြှင့်ပါတယ်။ ဆက်လက်ပြီးအလွမ်းသူ ပန်းခွေအလေးပြုအခမ်းအနားကို ပဲနွယ်ကုန်းဒေသ ဌာနဆိုင်ရာနဲ့ မိဘပြည်သူတွေ တက်ရောက်ခဲ့တဲ့အပြင် ပဲနွယ်ကုန်းဒေသအတွင်းရှိ မူလတန်း ကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်း ကျောင်းတွေက ကျောင်းသား သူ ၅၀၀၀ ကျော် ကျောင်းဝတ်စုံ အပြည့်နဲ့ အခုနှစ်မှာ ထူးခြားစွာ တက်ရောက်အလေးပြုခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်စိုးမိုး (ပဲခူး)၊ ကိုသူရိန် (ပဲနွယ်ကုန်း)၊ ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013