DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်ဖြစ်၊ ၁ ဦးသေဆုံး
DVB
·
July 19, 2017
ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်ဖြစ်၊ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၇၄ မိုင် ၃ ဖာလုံနဲ့ ၇၄ မိုင် ၄ ဖာလုံကြား ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ ပေါက်ပင်ကွင်းကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်မနက် ၈ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တဦးသေဆုံးခဲ့ပါတယ်။

ပုသိမ်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ BIGHORN အမျိုးအစားယာဉ်ကို ရန်ကုန်ကနေ ပုသိမ်ဘက်ကို မောင်းနှင်လာတဲ့ PASSO အမျိုးအစားယာဉ်က အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်ပြီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ မြို့မရဲစခန်းမှ သိရပါတယ်။

အဲဒီယာဉ်တိုက်မိမှုကြောင့် PASSO ယာဉ်ပေါ်က ယာဉ်မောင်း ဦးတင်ရွှေ အပါအဝင် အမျိုးသား ၃ ဦးအနက် ဦးလွင်မိုးမှာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား ၂ ယောက်မှာလည်း စိုးရိမ်ရတဲ့ဒဏ်ရာတွေကို ရရှိခဲ့ပါတယ်။

BIGHORN အမျိုးအစား ယာဉ်မောင်း ဦးအောင်ကျော်မင်းမှာ ရင်ဘတ်အောင့်နဲ့ ပွန်းပဲ့ ဒဏ်ရာတွေကို ရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး ထိခိုက်သေဆုံးစေခဲ့တဲ့ PASSO ယာဉ်မောင်း ဦးတင်ရွှေကို ကျောင်းကုန်းမြို့မရဲစခန်း ရဲအုပ်လှမိုးက တရားလိုပြုလုပ်ပြီး ယာဉ် (ပ)၄၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013