
နာပိုလီကွင်းလယ်လူ စကော့မက်တိုမီနေးဟာ ဇွန်လကမ္ဘာ့ဖလား ဟေတီနဲ့ပွဲမတိုင်ခင် ၂ ရက်အလိုမှာ နှလုံးခုန်မမှန်တဲ့ရောဂါအတွက် ဆေးကုသမှု ခံယူခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်ယူကစားသမားဟောင်း မက်တိုမီနေးဟာ ဟေတီကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့သလို မော်ရိုကို၊ ဘရာဇီးတိုနဲ့ပွဲတွေမှာလည်း မိနစ် ၉၀ ပြည့် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် မက်တိုမီနေးဟာ အခုအခါ မန်ချက်စတာမှာ နှလုံးခွဲစိတ်မှု အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီရောဂါ ကုသမှုကြောင့် စကော့တလန်ရဲ့ နေးရှင်းလိဂ် ပထမ ၄ ပွဲကို လွဲချော်ခဲ့ပေမဲ့ လက်ရှိမှာတော့ နာပိုလီနဲ့အတူ ချန်ပီယံလိဂ်ပွဲတွေမှာ ခြေစွမ်းပြနေလို စကော့တလန်အသင်းဆီ ပြန်လည်ခေါ်ယူခြင်း ခံရပါတယ်။
မက်တိုမီနေးကတော့ လက်ရှိမှာ ကျန်းမာရေး အပြည့်အဝ ကောင်းမွန်နေပြီး ဘောလုံး ပြန်ကစားခွင့် ရလို အလွန်ဝမ်းမြောက်မိကြောင်း ဆိုပါတယ်။
စကော့တလန်အသင်းဟာ လာမယ့်သောကြာနေ့မှာ မြောက်မက်ဆီဒိုးနီးယား၊ တနင်္လာနေ့မှာ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Photo:Reuters
Photo:Reuters











