DVB Logo
Home
မြန်မာသတင်း
အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများ ၁၅ ရက်အတွင်း စာရင်းသွင်းရန် နှိုးဆော်
DVB
·
July 19, 2017
အထောက်အထားမပြည့်စုံသည့်  မြန်မာလုပ်သားများ ၁၅ ရက်အတွင်း စာရင်းသွင်းရန် နှိုးဆော်
Donate to DVB

 

ထိုင်းနိုင်ငံမှာရောက်ရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့  ထိုင်းကို ပြန်သွားပြီး အလုပ်လုပ်ကိုင်ကြမယ့် အလုပ်သမားတွေနဲ့ ပတ်သက်လို့   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးကြေညာချက်တွေ  ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး အလုပ်ရှင်၊ အလုပ်လုပ်ခွင့် လက်မှတ်ပါ နေရာကွဲလွဲနေတာတွေ၊ အထောက်အထား သက်တမ်းကုန်နေတာတွေ၊ အထောက်အထားမရှိသူတွေအနေနဲ့လည်း အထောက်အထားသွားလုပ်ရမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်၊ ဒါမှမဟုတ် တရားဝင် ကိုယ်စားလှယ်နဲ့အတူ ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီးဌာနက ဖွင့်ထားတဲ့ မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟို ဌာနတွေကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၇ ရက် အထိ ၁၅ ရက်အတွင်း ပိတ်ရက်မရှိ သွားရောက်စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် စိစစ်အတည်ပြုပြီးတဲ့အခါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လုပ်ဖို့ ထောက်ခံချက်တွေထုတ်ပေးမှာဖြစ်ပြီး ဒီလုပ်ငန်းတွေက အခမဲ့ ဖြစ်ပါတယ်။

အဲဒီ ထောက်ခံချက်တွေနဲ့အတူ Counter Service Co.,Ltd. ကဖွင့်ထားတဲ့ နီးစပ်ရာ ငွေသွင်း ကောင်တာတွေမှာ ထိုင်းဘတ်ငွေ ၃၀၀ သွင်းပြီး ပြေစာယူရပါမယ်။ပြေစာပေါ်က သတ်မှတ်ပေးထားတဲ့ရက်မှာတော့ ထုတ်ယူရမယ့်စခန်းမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ကို ငွေသွင်းပြေစာပြပြီး ထုတ်ယူရမှာပါ။

အဲဒီလက်မှတ်ရပြီးတဲ့ အလုပ်သမားတွေကတော့ ကျန်းမာရေး စစ်ဆေးတာ၊ လူမှုဖူလုံရေးကတ်၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ် တွေကို ထိုင်းဥပဒေနဲ့အညီ သတ်မှတ်နေရာတွေမှာ ဆက်လုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းအလုပ်သမားဥဒေသစ်ကြောင့် နေရပ်ပြန်လာပြီး ထိုင်းနိုင်ငံကို ပြန်သွားအလုပ်လုပ်ကြမယ့် အလုပ်သမားတွေ အနေနဲ့ကတော့  မူလအလုပ်ရှင်နဲ့ ပြန်ဆက်သွယ်ပြီး နှစ်ဦးသဘောတူညီချက်နဲ့ ထိုင်းနိုင်ငံကို  ပြန်သွားရမယ်လို့ ဆိုပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး အခက်အခဲ ရှိရင် ထိုင်းနိုင်ငံက အလုပ်သမားသံအရာရှိတွေ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲနဲ့ မြဝတီ၊ ကော့သောင်းနဲ့ တာချီလိတ်မြို့ တွေက အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဆက်သွယ်အကူအညီတောင်းဖို့ လည်း ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးထားပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းတွေကတော့ ဦးအောင်မိုးခိုင် - ၀၀၆၆ ၆၃၃၁၄၁၉၉၂၊ ၀၀၆၆ - ၉၄၈၈၄၅၄၈၄၊ ၀၀၆၆ - ၈၂၀၇၁၈၇၂၇၊ ဦးအောင်ကိုသန်း - ၀၀၆၆- ၆၃၄၄၂၆၂၀၄၊ ဦးမျိုးထက်သူ - ၀၀၆၆ - ၆၅၂၂၀၆၉၅၁၊ ဦးနိုင်မင်းသူ - ၀၀၆၆ - ၆၅၂၂၀၆၉၅၂၊ ဦးအောင်ခင်မြင့် - ၀၀၆၆ - ၆၅၂၂၀၆၉၅၃၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ - ၀၆၇ - ၄၃၀၁၈၅၊ ၀၆၇ - ၄၃၀ ၂၈၅၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြဝတီမြို့နယ်ရုံး - ၀၅၈ - ၅၀၂၂၃၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာချီလိတ် မြို့နယ်ရုံး - ၀၈၄ - ၅၁၉၅၄၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကော့သောင်း မြို့နယ်ရုံး - ၀၅၉ - ၅၁၉၈၂ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013