DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ဆည်ကြီးချောင်းအတွင်း သစ်ရွက်ပုံ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ
DVB
·
July 19, 2017
ကလေးမြို့ ဆည်ကြီးချောင်းအတွင်း သစ်ရွက်ပုံ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ
1 / 4
Donate to DVB

 

ပြီးခဲ့တဲ့ တပတ်ခန့်က ချင်းတောင်ပေါ် အဖျားခံပြီး ကလေးမြို့ကို ဖြတ်စီးတဲ့ ဆည်ကြီးချောင်း အတွင်းက ကျောက်ဖြစ်သစ်ရွက်ပုံ ရုပ်ကြွင်း ၂ ခုကို တွေ့ခဲ့ရတယ်လို့ နှင်းသဇင်ကုမ္ပဏီက ကိုဇင်မင်းမောင်က ပြောပါတယ်။

"ကျနော်တို့ လုပ်ငန်းတခုဖြစ်တဲ့ ကျောက်ခွဲလုပ်ငန်းအတွက် ချောင်းထဲက ကျောက်ဆယ်ယူရာ ကနေ တွေ့ခဲ့တာပါ။ ကျောက်ခွဲအလုပ်သမားတွေ ကျောက်သေးခွဲဖို့ ကျောက်တုံးကြီးတွေကို ခွဲလိုက်တော့ အလယ်မှာ ပေါ်လာတာ။ ဒါနဲ့ ကျနော်လည်း သေချာရေဆေးပြီး နည်းနည်း ပြုပြင်သန့်စင်ပြီး ဧည့်ခန်းထဲမှာ ထားတယ်" လို့ ကိုဇင်မင်းမောင်က ဆိုပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းဟာ ကြီးမားတဲ့ ကျောက်တုံးတတုံးကို ခွဲရာကနေ တစ်ဘက်တခြမ်းဆီမှာ ၂ ခု ဖြစ်ပေါ်နေတာကို တွေ့ရတာဖြစ်ပြီး ကလေးမြို့ ဆည်ကြီးချောင်းမှာ ယခင်က ခုလို ကြောက်မျိုး မတွေ့ခဲ့ဖူးဘဲ ဒီရုပ်ကြွင်းဟာ ပထမဆုံးတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလည်း ဖြစ်ပါတယ်။

ကလေးဒေသဟာ တောင်တန်းတွေ ကာရံထားတဲ့မြို့ဖြစ်ပြီး ထုံးကျောက်တောင်များ များပြားတဲ့ ကလေးအရှေ့ပိုင်း တောင်တွေပေါ်မှာတော့ ရံဖန်ရံခါ အခုလို သစ်ရွက် ရုပ်ကြွင်းလေးတွေ တွေ့ရတတ်တယ်လို့လည်း သိရပါတယ်။

အခု ကျောက်ဖြစ်ရုပ်ကြွင်းက ညောင်ရွက်ပုံ ရုပ်ကြွင်းဖြစ်ပြီး ဒါကို တက္ကသိုလ် ဘူမိဌာနတို့ ရှေးဟောင်း သုသေသနဌာတို့ကို လှူဖို့ အစီအစဉ်မရှိဘဲ ၄င်းကိုယ်တိုင်က ဒီလိုအရာတွေကို မြတ်နိုးတဲ့အတွက် အိမ်မှာပဲ သေချာပြင်ဆင်ပြီး ထားရှိမှာ ဖြစ်တယ်လို့လည်း ကိုဇင်မင်းမောင်က ဆိုပါတယ်။

သတင်း - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013