DVB Logo
Home
မေးမြန်းခန်း
ဒီဗွီဘီသတင်းထောက်များ ပြည်တွင်းတွင် သတင်းလာယူခွင့် အစိုးရသဘောတူ
DVB
·
February 29, 2012
ဒီဗွီဘီသတင်းထောက်များ ပြည်တွင်းတွင် သတင်းလာယူခွင့် အစိုးရသဘောတူ
1 / 2
Donate to DVB

ဒီမိုကရက်တစ်မြန်မာ့​အသံက သတင်း​ထောက်​တွေ ပြည်တွင်း​မှာ တရား​ဝင်လာ​ရောက် သတင်း​ယူဖို့​ မြန်မာအစိုး​ရက သ​ဘောတူလိုက်ပါတယ်။

[caption id="attachment_21887" align="alignright" width="300" caption="ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ကျော်ဆန်း​ ​တွေ့​ဆုံစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ဒီဗွီဘီ ညွှန်ကြား​ရေး​မှူး​နဲ့​အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်နဲ့​ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​တို့​ဒီ​နေ့​နေပြည်​တော်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​နောက် သ​ဘောတူညီမှု ရခဲ့​တာလို့​ ဦး​အေး​ချမ်း​နိုင်က ​ပြောပါတယ်။

ဒါ့​အပြင် ဒီဗွီဘီရုံး​ခွဲ​တွေ မြန်မာနိုင်ငံမှာ ဖွင့်​လှစ်ခွင့်​ပြု​ရေး​ကိစ္စနဲ့​  ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်​တွေ တရား​ဝင် ရပ်တည်ခွင့်​ရဖို့​ကိစ္စကို​တော့​ အမြန်ဆုံး​ အ​လေး​အနက် စဉ်း​စား​ပေး​မယ်လို့​ဝန်ကြီး​ဦး​ကျော်ဆန်း​က ​ပြောကြား​တယ်လို့​သိရပါတယ်။

ဒီ​နေ့​တွေ့​ဆုံပွဲနဲ့​ ပတ်သက်ပြီး​ ဦး​အေး​ချမ်း​နိုင်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ဒီ​နေ့​ ​နေပြည်​တော်ကို သွား​ပြီး​တော့​ အစိုး​ရ အဖွဲ့​အစည်း​တွေနဲ့​ သွား​ပြီး​တော့​ ​တွေ့​တယ်လို့​ သိရပါတယ်။ ဘယ်သူ​တွေနဲ့​ ​တွေ့​ခဲ့​ပြီး​ ဘာ​တွေ​ဆွေး​နွေး​ခဲ့​သလဲ။

“ဒီ​နေ့​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​ရယ်၊​ ပြန်ကြား​ရေး​ဌာန ညွှန်ချုပ် ဦး​ရဲထွဋ်၊​ မြန်မာ့​အသံက ညွှန်မှူး​၊​ ရုံး​အဖွဲ့​မှူး​ ဦး​မြင့်​ထွေး​လည်း​ ပါပါတယ်။ အစည်း​အ​ဝေး​ လုပ်ပါတယ်။ အစည်း​အ​ဝေး​ လုပ်တဲ့​အခါမှာ ကျ​နော်တို့​ဘက်ကလည်း​ လိုအပ်တဲ့​ အချက်​တွေ ​တောင်း​ဆိုခဲ့​တာ​တွေ ရှိပါတယ်။ တချို့​အချက်​တွေကို​တော့​ ဝန်ကြီး​က သူစဉ်း​စား​ပြီး​မှ ​ဆောင်ရွက်​ပေး​မယ် ​ပြောပါတယ်။ တချို့​ အချက်​တွေကို​တော့​ တခါတည်း​ သ​ဘောတူတဲ့​ အချက်​တွေ ရှိပါတယ်။”

အဓိက အကြမ်း​ဖျင်း​ သ​ဘောတူခဲ့​တာကို နည်း​နည်း​လောက် အ​သေး​စိတ် ​ပြောပြ​ပေး​လို့​ရမလား​။ ဘယ်ကိစ္စ​တွေမှာ သ​ဘောတူခဲ့​တာလဲ။

“အ​သေး​စိတ်ကို​တော့​ သူတို့​နဲ့​ ပြန်ညှိပြီး​တော့​ ကျ​နော်တို့​ သတင်း​ထုတ်ပြန်ဖို့​ ရှိပါတယ်။ အကြမ်း​ဖျင်း​ ​ပြောရမယ်ဆိုရင်​တော့​ ပြည်တွင်း​မှာ သတင်း​ပြန်လာယူဖို့​ ကိစ္စပါ။၊​ ကျ​နော်တို့​ သတင်း​ထောက်​တွေ တရား​ဝင် ပြည်တွင်း​မှာ သတင်း​ပြန်လာယူဖို့​ ကိစ္စမျိုး​ကို​တော့​ ဝန်ကြီး​က သ​ဘောတူပါတယ်။ ကျ​နော်တို့​ ပုံမှန် သတင်း​ထောက် တဦး​ လာမယ့်​အ​ကြောင်း​၊​ ​လျှောက်လွှာတင်ဖို့​၊​ သတင်း​ထောက်က ​လျှောက်ဖို့​၊​ ပုံမှန် လုပ်ငန်း​စဉ် အတိုင်း​ သွား​ရမှာ​ပေါ့​။ ဒါကို သ​ဘောတူပါတယ်။”

ပြည်တွင်း​မှာရှိတဲ့​ ဒီဗွီဘီ သတင်း​ထောက်​တွေက​ကော ဘယ်လိုပုံစံနဲ့​ ရပ်တည်လို့​ရမလဲ။

“အဲဒီကိစ္စလည်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ဝန်ကြီး​ပြောတာ​တော့​ တခြား​ဌာန​တွေကလည်း​ ဒီလိုမျိုး​ အလား​တူ ​တောင်း​ဆိုထား​တာ ရှိတယ်။ သူတို့​ နည်း​နည်း​လေး​ ထပ်ပြီး​တော့​ စဉ်း​စား​ရမယ်လို့​ ​ပြောပါတယ်။ ကျ​နော်တို့​ အခု အစည်း​အ​ဝေး​ ပြီး​တဲ့​အခါမှာ ​ရှေ့​ဆက်ပြီး​တော့​ တွဲလုပ်ဖို့​ဟာမျိုး​၊​ ​ရှေ့​ဆက်ပြီး​ ​ပြောခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ဆက်လုပ်ရမှာ​တွေ ရှိပါတယ်။ ဥပမာ တခုဆိုရင် ရုံး​ခန်း​ဖွင့်​ဖို့​ပေါ့​၊​ ကျ​နော်​ပြောတာ​တော့​ ယာယီရုံး​ခန်း​လေး​ အဲ့​ဒါကို အမြန်ဆုံး​ ဖွင့်​ချင်ပါတယ်လို့​ ​တောင်း​ဆိုပါတယ်။ ဝန်ကြီး​ကလည်း​ ဒီကိစ္စကို အမြန်ဆုံး​ စဉ်း​စား​ပေး​မယ်လို့​ ​ပြောပါတယ်။”

မနက်ဖြန်ကျရင်​ရော ဘယ်သူ​တွေနဲ့​တွေ့​ဖို့​ ရှိသလဲ။

“ရန်ကုန်ဆင်း​ပြီး​ မနက်ဖြန်မှာ​တော့​ ပြည်တွင်း​စာနယ်ဇင်း​က လူ​တွေနဲ့​တွေ့​ဖို့​ ရှိသလို နိုင်ငံတကာ စာနယ်ဇင်း​အသင်း​က အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဖို့​ ရှိပါတယ်။ အခု စာ​ပေ စိစစ်​ရေး​က ညွှန်ချုပ် ဦး​တင်​ဆွေနဲ့​ ​တွေ့​ပါမယ်။ သမ္မတရဲ့​ အကြံ​ပေး​ ​ဒေါက်တာ ​နေဇင်လတ်နဲ့​လည်း​ ​တွေ့​ပါမယ်။”

သာမန်ပြည်သူ​တွေနဲ့​ ​တွေ့​တဲ့​အခါမှာ​ကော ဒီဗွီဘီ ပရိသတ်​တွေနဲ့​ကော စကား​ပြောခွင့်​ရခဲ့​လား​။ သူတို့​အမြင်က​ကော ဘယ်လိုရှိလဲ။

“အခုချိန်ထိ​တော့​ ဗီဇာက၅ရက်ပဲ ရ​တော့​ သာမန် ပြည်သူ​တွေနဲ့​တွေ့​ဖို့​ သိပ်လည်း​ အချိန်မရ​တော့​ ဘယ်ကိုမှ မ​ရောက်ဖြစ်ပါဘူး​။ အဖွဲ့​အစည်း​ အစည်း​အ​ဝေး​တွေနဲ့​ပဲ အချိန်ကုန်သွား​တယ်။

ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က ​ရောက်ပြီး​ကတ့​ည်း​က နိုင်ငံ​ရေး​ အဖွဲ့​အစည်း​တွေ၊​ တိုင်း​ရင်း​သား​ အဖွဲ့​တွေ၊​ စာနယ်ဇင်း​သမား​တွေနဲ့​ ဦး​ဝင်း​တင်တို့​ရယ် ​တော်​တော်များ​များ​နဲ့​ ​တွေ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂ ရက်က​ပေါ့​။ ​တွေ့​တဲ့​အခါမှာ​တော့​ တခု သတိထား​မိတာ​တော့​ အား​လုံး​တူတဲ့​အချက်က ဒီဗွီဘီက အ​ရေး​ကြီး​တဲ့​ သတင်း​ဌာနတခု ဖြစ်တယ်။ မရှိမဖြစ် လိုအပ်တဲ့​ သတင်း​ဌာန တခုဖြစ်တယ်ဆိုတာ ​တွေ့​တဲ့​လူတိုင်း​က​ပြောတာ တူပါတယ်။ ​နောက်ပြီး​တော့​ ဒီဗွီဘီက လွှင့်​နေတဲ့​ သတင်း​တွေအ​ပေါ်မှာလည်း​ အ​တော်ကို တန်ဖိုး​ထား​ကြတာကို ​တွေ့​ရတယ်။”

ဦး​အေး​ချမ်း​နိုင်တို့​က နှစ်​ပေါင်း​ ၂၀ ​ကျော်ကြာ မြန်မာပြည်နဲ့​ ကင်း​ကွာခဲ့​တယ်ဆို​တော့​ ပြန်​ရောက်တဲ့​အချိန်မှာ မြန်မာပြည်က သာမန်ပြည်သူ​တွေရဲ့​ဘဝက ဘယ်လိုအ​ခြေအ​နေ ရှိလဲ။ တိုး​တက် ​ကောင်း​မွန်​အောင် လုပ်ဖို့​ မြင်မိတာရှိပါသလား​။

“မြင်မိတာ​တော့​ ​တော်​တော်များ​များ​ လုပ်စရာ​တွေ ရှိပါတယ်။ ဥပမာ -  ​ပြောရရင် လူထု​တွေရဲ့​ ဘဝ​တွေကို ​တွေ့​ရတာက ကျ​နော်တို့​တွေ မထွက်ခင် လွန်ခဲ့​တဲ့​ ၂၃ နှစ်က အ​ခြေအ​နေနဲ့​ သိပ်မကွာလှဘူး​။ ဒါကျ​နော် မြို့​နယ်အပိုင်း​မှာ​ပေါ့​။ မြို့​ပြင်​တွေဘာ​တွေ ​ရောက်တယ်ဆိုရင်​တော့​ ဒီထက်ပိုဆိုး​ကောင်း​ ဆိုး​နိုင်ပါတယ်။ ကျ​နော်မြင်တာ​တော့​ တိုင်း​ပြည်တိုး​တက်ဖို့​ ပြုပြင်​ပြောင်း​လဲမှု လုပ်စရာ ​တော်​တော်များ​များ​ ရှိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013