DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံမြို့နယ် အန်အယ်ဒီအလုပ်အမှုဆောင် ၂၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်း
DVB
·
July 18, 2017
ချောင်းဆုံမြို့နယ် အန်အယ်ဒီအလုပ်အမှုဆောင် ၂၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်း
Donate to DVB

 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးရွယ်မှုအပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး  မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အန်အယ်ဒီပါတီ အလုပ်အမှု ဆောင် ၂၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး ပါတီတွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ တဲ့ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲပြီး စိစစ်ဖို့ ဗဟိုက ညွန်ကြားထားပြီး စစ်ဆေး စဉ်ကာ လအတွင်း အဆိုပါ အလုပ်အမှုဆောင် ၂၁ ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာလို့ ချောင်းဆုံမြို့နယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောပါတယ်။

“အားလုံး ၂၁ ယောက်ပါ။ အဲဒီထဲမှာ လူကြီး ၁၉ ယောက်နဲ့ လူငယ်တာဝန်ခံ ၂ ယောက် ပါပါတယ်။ အစ်မတို့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်စားလှယ်လောင်းရွေး ချယ်မှုနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြမှုတွေဖြစ် တယ်လေ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အလုပ် အမှုဆောင် ၂၁ ဦးထဲကနေပြီးတော့ မလုပ်သင့်ဘူးဆို တာတိုင်လိုက်တယ်။ အဲဒါကို ပြန်လည်စီ စစ်ဖို့ဆိုပြီးတော့ တာဝန်က စိစစ်နေစဉ်အတွင်းမှာ တာဝန်က ခဏယာယီရပ်ဆိုင်းထားတာပေါ့။ ”

တာဝန်ကနေ ယာယီရပ်ဆိုင်းကြောင်းစာကို ဗဟိုက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ တာဖြစ်ပြီး ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးဖို့  ၃ဦးပါအဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်။

စုံစမ်းစစ်ဆေးဖို့  မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်၊ မော်လမြိုင်မြို့နယ်ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်နဲ့ ပြည်နယ်ပြန်ကြားရေးတာဝန်ခံ ဦးအေမင်းဟန်တို့  ၃ ဦးကိုဖွဲ့စည်းခဲ့ပြီး ၁ လအတွင်းစစ်ဆေးပြီး ဗဟိုကို အစီရင်ခံစာတင်ပြရမှာဖြစ်ပါတယ်။

ဒီစစ်ဆေးစဉ်ကာလ ၁ လအတွင်း ချောင်းဆုံမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပါတီတာဝန်တွေကို ယာယီရပ်ဆိုင်းတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ် အန်အယ်ဒီပါတီက ဦးစောလင်းအောင်၊ ဦးအေးဝင်းနဲ့ ဦးကျော်ဖေတို့ကို ကိုယ်စားလှယ်လောင်း အဖြစ် ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးဖို့ဆိုပြီး မြို့နယ်က ရွေးချယ်ခဲ့ပါတယ်။

ဒါကို ပထမဦးစားပေးခံရသူ ဦးစောလင်းအောင်ကို ဗဟိုမမရွေးဘဲ ဒေသခံမဟုတ်တဲ့ ဦးအေးဝင်းကို ရွေးချယ်ယှဉ်ပြိုင်စေခဲ့တာကြောင့် ချောင်းဆုံမြို့နယ် ပါတီဝင်တွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့တာပါ။

ဒီလိုပါတီတွင်းဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် ကြားဖြတ်ရွေး ကောက်ပွဲမှာ အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးအေးဝင်းက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်  ဦးအောင်ကြည်သိန်းကို ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013