DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 18, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB
ကြက်သွန်နီ(ဆိပ်ဖြူ) ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီ(ဆိပ်ဖြူ) အမျိုးအစားက ၁ ပိဿာကို ၁,၀၅၀ ကျပ်ကနေ ငွေကျပ် ၁,၄၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၉၁၅ ကျပ်ကနေ ငွေကျပ် ၂,၃၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၃၅ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ၂၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ၁ တန်ကို ငွေကျပ် ၇၇၄,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၉၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံး ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၇၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂,၀၇၀ ပေါက်ဈေးရှိနေပါတယ်။ ပဲပုတ်(ရှမ်း) မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၅၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ၁ အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ) နှမ်းနက်(စမုံ)ကတော့ ၁ အိတ်ကို ငွေကျပ် ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013