Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားကျင်းပမည့်ကွင်းပြင် ရေနစ်မြုပ်
မင်းညို
·
July 18, 2017
20156092_464020757286724_2498770869563805235_n
20155681_464020717286728_7001906608090627164_n
20139827_464020907286709_8131068510015136567_n
20031734_464020840620049_3671337553244981876_n
  ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် စီစဉ်ထားတဲ့  ဝန်လိုရပ်ကွက် အားကစားကွင်းဟာ  ဇူလိုင် ၁၈ ရက်နေ့အထိ ရေနစ်မြုပ်နေပါတယ်။ အာဇာနည်နေ့ ကျင်းပရေးကော်မတီက ကိုကျော် က “အာဇာနည်နေ့လုပ်ဖို့က အရင်ရက်တွေက တည်းက စီစဉ်ပြီးသားဖြစ်တယ်။ ရေကအခု တရက်တည်းမှာပဲ ဝင်လာတော့ အစီအစဉ်က ပြောင်းလို့မရတော့ဘူး။ ဒီတော့ ရေထဲမှာပဲ ပန်းခွေချရတော့မှာပဲ။ လူတွေကတော့ လမ်းပေါ်ကနေ အလေးပြုပေါ့”လို့ ရှင်းပြပါတယ်။ ဧရာဝတီမြစ်ရေက ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ တိုင်းတာချက်အရ ၂၈၅၃ စင်တီမီတာမှာရှိပြီး ရေက အခုရက်ပိုင်းမှာ အနည်းငယ် အတက်နှေးသွားပေမယ့် အထက်ရေတွေ ကျလာဖို့ ရှိတယ်လို့ ပြည်ခရိုင် မိုး/ဇလရုံးက သိရပါတယ်။ သတင်း - မင်းညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024