DVB Logo
Home
မြန်မာသတင်း
သီပေါ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် သတင်းထောက်များကို ရုံးထုတ်
DVB
·
July 18, 2017
Donate to DVB

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေ အပါအဝင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရသူ  ၆ ယောက်ကို ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်က သီပေါမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

သီပေါမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမြင့်ဝင်းက “အရင်ပေးထားတဲ့ ချုပ်မိန့်က နမ့်ဆန်မြို့နယ်တရားရုံးက ချုပ်မိန့်ဖြစ်နေတယ်။ သီပေါမြို့နယ် တရားရုံးက သူ့ချုပ်မိန့်နဲ့ သူ ပြန်စစ်ရမှာ အဲ့ဒါကြောင့်မို့လို့ ခဏထုတ်လိုက်တာ။ ထုတ်ပြီးတော့ ချုပ်မိန့် ပြန်ပေးမှာ။ ဒီနေ့ အမှုမစစ်သေးဘူး။ နမ့်ဆန်တရားရုံး ရမန်ကို  သီပေါတရားရုံး ရမန်နဲ့ ပြန်ပြောင်းတဲ့ သဘောပဲ၊  ရှေ့နေတွေ ငှားဖို့ကိစ္စတွေ သူတို့ရဲ့ အခွင့်ရေးကိစ္စတွေ ပြောပြနေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ၂ ယောက်နဲ့ ဧရာဝတီ သတင်းထောက် ၁ ယောက်တို့ကို  ဇွန် ၂၆ ရက်နေ့မှာ တပ်မတော် စစ်ကြောင်းက  ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါ ကားလမ်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာ အနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၇ရက်နေ့မှာတော့ သတင်းထောက် ၃ ဦး အပါအဝင် ၆ ဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နဲ့  သီပေါမြို့နယ် တရားရုံးမှာရုံးထုတ်ပြီး စတင် တရားစွဲဆိုလိုက်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားသူကြီးက ဇူလိုင် ၂၁ ရက်မှာ သင်တန်း တက်ဖို့ရှိနေတာကြောင့် အမှုစစ်ဆေးဖို့ အဆင်မပြေတဲ့အတွက်  ဇူလိုင် ၂၈ ရက်နေ့ကို  ရုံးချိန်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013