DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်
DVB
·
July 18, 2017
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာခဲ့တဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း၊ ဒါန-ရှေ့ဆောင် မြန်မာအဖွဲ့နဲ့ အောက်ချင်း လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီးထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်ခံစာမှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာမှ ပထမဆုံး ရွေးကောက်ပွဲ စတင်ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရှုးမြို့နယ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ လူနည်းစုတိုင်းရင်းသားဒေသတွေမှာ အားနည်းမှုတွေရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။

အဲဒီအားနည်းချက်တွေကတော့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေ၊ မဲဆွယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ မဲဆန္ဒရှင်စာရင်းပြုစုရာမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထည့်သွင်းစဉ်းစားမှုတွေ အားနည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013